settings icon
share icon
မေးခွန်း

စစ်မှန်သော ကျမ်းစာလေ့လာခြင်းသည် အဘယ်နည်း။

အဖြေ


သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်ကို သိရှိခြင်းသည် ယုံကြည်သူတစ်ဦး၏အသက်တာတွင် အရေးကြီးသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သမ္မာကျမ်းကို ရိုးရိုးသာမန်ဖြင့်ဖတ်ရှုရမည်ဟု ဘုရားသ ခင်က မပြေပေ။ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာ၍ မှန်ကန်စွာ ဆုတ်ကိုင်ထားရမည် (၂တိ ၂း၁၅)။ နှုတ်ကပတ်တော်လေ့လာခြင်းသည် ခက်ခဲသောလုပ်ငန်းတစ်ခုဖြစ်သည်။ အလျင်တဆောကျမ်းစာ လေ့လာခြင်းတွင် မှားယွင်းမှုများစွာ ဖြစ်ထွန်းနိုင်သည်။ ထိုကြောင့် သမ္မာကျမ်းစာ၏အဓိပ္ပါယ်ကို မှန်ကန်စွာ နားလည်နိုင်သော နည်းလမ်းသိရှိခြင်းသည် အလွန်အရေးကြီးသည်။

ပထမအနေဖြင့်၊ သမ္မာကျမ်းစာသိရှိနားလည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြစ် သောကြောင့် ကျောင်းစာကျောင်းသား/သူများသည် သန့်ရှင်းသောဝိညာဉ်တော်ထံဆုတောင်းခြင်းအားဖြင့် အကူအညီတောင်းရပေမည်။ “သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အားအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျေက် ဟောသည်မဟုတ်။ ကြားသမျှတို့ကိုဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကို လည်းသင်တို့ အားဘော်ပြလိမ့်မည်” (ယောဟန် ၁၆း၁၃)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဓမ္မသစ်ကျမ်းရေးသားသော စာရေးသူများကို လမ်းပြသွန်သင်သည့်နည်းတူ၊ ကျွနု်ပ်တို့ကိုလည်း ကျမ်းစာနားလည်ရန် လမ်းပြပါလိမ့် မည်။ သမ္မာကျမ်းစာသည် ဘုရားစာဖြစ်ကြောင်းကို သိရှိပါ။ ကျွနု်ပ်တို့သည် ကျမ်းစာ၏အနက်အဓိပ္ပါယ်ကို သိရှိနိုင်ရန် ဘုရားသခင်ကို ဆုတောင်းရမည်။ မိတ်ဆွေသည် ခရစ်ယာန်တစ်ဦးဖြစ်လျှင် သမ္မာကျမ်းစာကို ရေးသားသော သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေအထဲတွင် ကျိန်းဝပ်ထား၍ သူက သူရေးသား ထားသော စာများကို နားလည်ရန် မိတ်ဆွေကို အလိုတော်ရှိသည်။

ဒုတိယအနေဖြင့်၊ ကျွနု်ပ်တို့သည် မိမိနှစ်သက်သောကျမ်းပိုဒ်များကို စွဲယူ၍ ထိုကျမ်းပိုဒ်၏အဓိပ္ပါယ်ကို ပြင်ပ အဖြစ်အပျက်အားဖြင့် အနက်မဖွင့်အပ်ပေ။ ထိုကျမ်းပိုဒ်များ၏ဆိုလိုရင်းကို သိရှိရန် အခန်းကြီးတစ်ခုလုံးကို ဖတ်ရှုပြီး၊ ထိုအခန်းကြီးဖော်ပြပေးလိုသောအကြောင်းအရာများကို သေခြာစွာသိရှိရန် လိုအပ်သည်။ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်ထံမှလာသည် (၂တိ ၃း၁၆၊ ၂ပေ ၁း၂၁)။ ဘုရားသခင်က ထို နှုတ်ကပတ်တော်များကို ရေးသားရန် လူတွေကို အသုံးပြုခဲ့သည်။ စာရေးသူများက သူတို့၏စိတ်ထဲတွင် ဆောင်ပုဒ်၊ ရေးသားထားသောစာစောင်၏ရည်ရွယ်ချက်နှင့် မည်သူအတွက်ရည်ညွှန်းထားသည်ကို သိရှိကြ သည်။ ကျွနု်ပ်တို့သည် ကျမ်းစာအုပ်များမည်သူက ရေးသားထားသည်ကို၄င်း၊ မည်သူ့အတွက် ရေးသားထားသည်ကို၄ငး်၊ မည်သည့်အချိန်တွင် ရေးသားထားသည်ကို၄င်း၊ အဘယ်ကြောင့်ရေးသားထား သည်ကို၄င်း သိရှိနိုင်ရန် သမ္မာကျမ်းစာ၏ နောက်ခံသမိုင်းများကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။ ကျမ်းပိုဒ်များ ကို မိမိနှစ်သက်သည့်အတိုင်းအနက်မဖွင့်ဘဲ၊ သူ့ကိုယ်သူ အနက်ဖွင့်စေရမည်ဖြစ်သည်။ တခါတရံ အချို့သောသူများသည် ကျမ်းစာအဓိပ္ပါယ်ကို မိမိနှစ်သက်သည့်အတိုင်း ကိုင်စွဲ၍ အနက်ဖွင့်တတ်ကြပါ သည်။

တတိယအနေဖြင့်၊ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ ကျမ်းစာအနက်ဖွင့်ကျမ်းကိုသာ လုံးလုံးလျားလျား မှီခိုးအား ကိုးရန်မဟုတ်ပေ။ သမ္မာကျမ်းစာကို လေ့လာခဲ့ပြီးသောသူများရေးသားထားသော အနက်ဖွင့်ကျမ်းမပါဘဲ ကျွနု်ပ်နားလည်နိုင်မည်မဟုတ်ပေဟု ယူဆခြင်းသည် မိုက်မဲမှုတစ်ခုဖြစ်သည်။ အချို့သောသူများကမူ၊ သန့်ရှင်းသောဝိညာဉ်တော်အပေါ်၌သာ မှီခိုအားထားခြင်းအားဖြင့် သမ္မာကျမ်းစာကို လေ့လာရမည်ဟု ခံယူ ထားပါသည်။ ထိုသို့ပြုလျှင် သမ္မာကျမ်းစာ၏လျှို့ဝှက်နက်နဲသောအရာများကို တွေ့ရှိနိုင်မည်ဟု မှားယွင်း စွာခံယူထးပါသည်။ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ခြင်းအားဖြင့် ခရစ်တော်၏ခန္ဓာ ကိုယ်အပေါ်သို့ ဝညာဉ်တော်ဆုကျေးဇူးများကို ချပေးထားပါသည်။ ၀ိညာဉ်တော်ဆုကျေးဇူးများထဲမှ တစ် ခုသည် သွန်သင်ခြင်းဆုကျေးဇူး (ဧဖက် ၄း၁၁-၁၂၊ ၁ကော ၁၂း၂၈) ဖြစ်သည်။ ဤသွန်သင်ဆရာများက နှုတ်ကပတ်တော်ကို မှန်ကန်စွာသွန်သင်နိုင်ရန်အတွက် ဘုရားသခင်က သွန်သင်တတ်သောဆုကျေးဇူးကို သူတို့ပေါ်တွင် ချပေးထားခြင်းဖြစ်သည်။ အခြားသောသူများနှင့်နှုတ်ကပတ်တော်ကို ခုံမင်ဆွေးနွေးခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရှိနားလည်၍မိမိအသက်တာတွင် အသုံးချတတ်ခြင်းသည် လိမ္မာ သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ထိုကြောင့် အချုပ်အားဖြင့်ဖော်ပြရလျှင်၊ သင့်လျော်သော သမ္မာကျမ်းစာလေ့လာခြင်းသည် မည်သည့်အရာ ဖြစ်သနည်း။ ပထမအနေဖြင့်၊ ကျွနု်ပ်တို့သည် နှိမ့်ချခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် နားလည်နိုင်သော ညာဉ်ပညာရရှိရန် သန့်ရှင်းသောဝိညာဉ်တော်အား အကူအညီတောင်းရမည်။ ဒုတိယအနေဖြင့်၊ ကျွနု်ပ်တို့ သည် ကျမ်းပိုဒ်တစ်ခု၏ အခန်းကြီးတစ်ခုလုံးကို ဖတ်၍ ကျမ်းစာသည် သူ့ကိုယ်သူ အနက်ဖွင့်စေရမည်။ တတိယအနေဖြင့်၊ ကျွနု်ပ်တို့သည် အတိတ်ကာလတွင်ဖြစ်စေ၊ ပစ္စုပ္ပန်ကာလတွင်ဖြစ်စေ ကျမ်းစာအနက် ဖွင့်ကျမ်းကို ရေးသားထားသောသူများကို ရိုသေရမည်။ ဘုရားသခင်သည် ကျမ်းစာအုပ်ရေးသားသော အရှင်ဖြစ်သည်ကို ၄င်း၊ သူသည် ကျွနု်ပ်တို့အား ကျမ်းပိုဒ်၏အဓိပ္ပါယ်နားလည်ရန် အလိုတော်ရှိသည်ကို၄င်း ကျွနု်ပ်တို့မှတ်ထားရမည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

စစ်မှန်သော ကျမ်းစာလေ့လာခြင်းသည် အဘယ်နည်း။
© Copyright Got Questions Ministries