settings icon
share icon
မေးခွန်း

ကျွနု်ပ်တို့မှာ အစိတ်အပိုင်းနှစ်မျိုးရှိသလား။ (သို့) သုံးမျိုးရှိသလား။ ကျွနု်ပ်တို့သည် ကိုယ်ခန္ဓာ၊ စိတ် နှင့် ၀ိညာဉ် တို့ဖြင့်တည်ဆောက်ကြသလား။ (သို့) ကိုယ်ခန္ဓာ ၊စိတ်(ခေါ်)၀ိညာဉ်နှစ်မျိုးဖြင့်တည်ဆောက်ကြသလား။

အဖြေ


ကမ္ဘာဦးကျမ်း ၁း၂၆-၂၇ ကိုဖတ်ကြည့်သောအခါ လူသားများဖန်ဆင်းခြင်း သည်အခြားသောဖန်ဆင်းခြင်းများနှင့်မတူညီဘဲတမူထူးခြားမှုရှိသည်ကို တွေ့ရှိနိုင်သည်။ လူသား များသည် ဘုရားသခင်နှင့်အဆက်အသွယ်ပြုရန်ရည်ရွယ်၍ ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားသခင်ကလူသားများကို ရုပ်ခန္ဓာနှင့်ဝိ ညာဉ်အားဖြင့်ဖန်ဆင်းခဲ့သည်။ မြင်နိုင်သောရုပ်ခန္ဓာ ကိုယ်သည် ပျက်စီးလွယ်သည်။- ကိုယ်ခန္ဓာ၊ အရိုးများနှင့်အင်္ဂါအစိတ်အပိုင်းများပါဝင်သည်။ ၄င်းတို့သည် လူတစ်ဦးအသက်ရှင်နေသရွေ့တည်ရှိနေသောအရာများဖြစ်သည်။ သာမန်မျက်စိ ဖြင့်မမြင်နိုင် သောအရူပအရာများသည် မပျက်စီးနိုင်ပေ။ ၄င်းတို့မှာ- စိတ်၊ ၀ိညာဉ်၊ စဉ်းစားဆင် ခြင်နိုင်ခြင်း၊ ဆန္ဒရှိခြင်း၊ အတွေးအခေါ် စသည်တို့ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးသေဆုံး ပြီးလျှင်ဆက်လက်တည်ရှိနေသောအရာများဖြစ်ကြသည်။

လူတွေအားလုံးက မြင်နိုင််သောအရာများနှင့်မမြင်နိုင်သောအရာနှစ်မျိုးစလုံးတို့ကိုပိုင်ဆိုင် သည်။ ထိုကြောင့်လူတွေအားလုံးမှာ ကြွက်သား၊ အသွေး၊ အရိုးများ၊ အင်္ဂါအစိတ်အပိုင်းများ၊ နှင့်ကြွက်သားများရှိကြသည်။ သို့ရာတွင် ဤအင်္ဂါအစိတ်အပိုင်းများရှိခြင်းအားဖြင့် လူတစ်ယောက် ဖြစ်လာသည်မဟုတ်ဟု ငြင်းဆိုမှုများလည်းရှိသည်။ ဤအရာများကို သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြထားသနည်း။ ကမ္ဘာဦးကျမ်း ၂းရတွင် လူသည် ၀ိညာဉ်အသက်ရှင်သော သတ္တဝါအဖြစ်ဖန် ဆင်းထား ကြောင်းဖော်ပြထားသည်။ တောလည်ရာကျမ်း ၁၆း၂၂ တွင် ဘုရားသခင်သည် “၀ိညာဉ်များ၏ဘုရား” ဟုဖော်ပြထားသည်။ ၄င်းတို့ကို လူတိုင်းကပိုင်ဆိုင်ထားသည်။ သုတ္တံ ၄း၂၃ ထဲတွင် ”နှလုံးသည်အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကိုအထူးသဖြင့်စောင့် ရှောက်လော့”ဟုဖော်ပြထားသည်။ ထိုကျမ်းပိုဒ်က နှလုံးသည် လူတစ်ယောက်၏လိုအင်ဆန္ဒနှင့် အတွေးအခေါ်၏ဗဟိုဖြစ်ခြင်းကိုဖော်ပြထားသည်။ တမန်တော်ဝတ္ထု ၂၃း၁ ထဲတွင် ”ပေါလုသည် လွှတ်အရာရှိတို့ကိုစေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွနု်ပ်သည် ယနေ့တိုင်အောင်ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ပြုပါသည်ဟု ပြော ဆို၏” ဟုဖော်ပြထားသည်။ ဤနေရာတွင် ပေါလုဖော်ပြလိုသောအရာသည် လူ့အင်္ဂါအစိတ်အပိုင်း တွင်ရှိသောအမှားနှင့်အမှန်ခွဲခြားနိုင််သောစိတ်သည် အတွေးအခေါ်ဖြစ်သည်။ ရောမ ၁၂း၂ ထဲတွင် ”သင်တို့သည် လောကီပုံသဏ္ဍာန်ကိုအဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိနိုင်မည် အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့”ဟုဖော်ပြ ထားသည်။ ဤကျမ်းပိုဒ်များနှင့်အခြားသောကျမ်းပိုဒ်များစွာတို့သည် လူတွေထဲတွင် မမြင်နိုင်သော အင်္ဂါအစိတ်အပိုင်းများရှိကြောင်းကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့အားလုံးသည် မြင်နိုင််သောအရာ များနှင့်မမြင်နိုင်သောအရာများနှစ်ခုစလုုံးကိုပိုင်ဆိုင်ကြသည်။

ထို့ကြောင့် သမ္မာကျမ်းစာထဲတွင် စိတ်နှင့်ဝိညာဉ်အကြောင်းကို များစွာဖော်ပြထားပါသည်။ အခြားတဘက်တွင် စိတ်နှင့်ဝိညာဉ်၊ နှလုံး၊ အတွေးအခေါ်နှင့်စိတ်တို့သည် တစ်ခုနှင့်တစ်ခုဆက် နွယ်ထားကြောင်းဖော်ပြထားပါသည်။ စိတ်နှင့်ဝိညာဉ်၊ အတွေးအခေါ်တို့သည် လူသားများ၏မမြင် နိုင်သောအင်္ဂါအစိတ်အပိုင်းများဖြစ်ကြသည်။ လူတွေသည် ခန္ဓာ၊ စိတ်ဝိညာဉ်နှစ်ပါးတို့ဖြင့်ဖွဲ့စည်း ထားခြင်းနှင့် လူတွေသည် ခန္ဓာ၊ စိတ်၊ နှင့်ဝိညာဉ်သုံးပါးတို့ဖြင့်ဖွဲ့စည်းထားခြင်းဟုသိရှိနိုင်ခြင်းသည် လည်း စိတ်ဖြစ်သည်။ သူတို့သည် မှားသည်/မှန်သည်ဟု တစ်ဖြစ်ချမပြောနိုင်ပေ။ ထိုအမြင်နှစ်ခုစ လုံးသည်် ကောင်းပါသည်။ အဓိကသော့ချက်သည် ဟေဗြဲ ၄း၁၂ ဖြစ်သည်။ ”ဘုရားသခင်၏နှုတ် ကပတ်တရားတော်သည်အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက်ထက် ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်ဝိညာဉ်ကို၄င်း၊ အရိုးအဆစ်နှင့်ခြင်ဆီကို၄င်းပိုင်းခြား၍ ထုတ် ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏။” ဤကျမ်းပိုဒ်ထဲတွင် အဓိ ကအမြင်နှစ်ခုကိုဖော်ပြထားသည်။ စိတ်နှင့်ဝိညာဉ်တို့သည်ခွဲနိုင်သည်။ စိတ်နှင့်ဝိညာဉ်တို့၏ပိုင်းခြား မှုသည် ဘုရားသခင်တစ်ပါးတည်းသာလျှင် သိကျွမ်းနိုင်သည်။ ကျွနုု်ပ်တို့သည်စိတ်ရှုပ်ထွေးမည့်အ စား ဖန်ဆင်းရှင်ကိုသာအားကိုးရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို “အလွန်အံသြ ဘွယ်ကောင်းစွာ”ဖြင့်ဖန်ဆင်းခဲ့သူဖြစ်သည် (ဆာလံ ၁၃၉း၁၄)။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကျွနု်ပ်တို့မှာ အစိတ်အပိုင်းနှစ်မျိုးရှိသလား။ (သို့) သုံးမျိုးရှိသလား။ ကျွနု်ပ်တို့သည် ကိုယ်ခန္ဓာ၊ စိတ် နှင့် ၀ိညာဉ် တို့ဖြင့်တည်ဆောက်ကြသလား။ (သို့) ကိုယ်ခန္ဓာ ၊စိတ်(ခေါ်)၀ိညာဉ်နှစ်မျိုးဖြင့်တည်ဆောက်ကြသလား။
© Copyright Got Questions Ministries