ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?




မေးခွန်း: ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?

အဖြေ:
ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။ ဘ၀၏ရည်ရွယ်ချက် ပြီးပြည့်စုံခြင်း၊ ကျေနပ် တင်းတိမ်မှု တို့ကို ကျွန်ုပ်သည်မည်သို့တွေရှိနိုင်မည်နည်း။ ဘ၀အတွက်နောက်ဆုံးအရေးကြီးသော အစိတ်အပိုင်းကိုပြီးပြည့်စုံရန် ကျွန်ုပ်သည် ခွန်အားရှိပါသလား။ ထိုကြောင့် ဤကဲ့သို့သော မေးခွန်းမျိုးကို လူများစွာတို့က ဆင်ခြင်တွေးတောတတ်ကြပါသည်။ သူတို့ သည် ပြီးပြည့်စုံလိုသော အရာတို့ကိုရယူသော်လည်း ကုန်လွန်ခဲ့သောအချိန်ကာလကိုကြည့်လျှင် ဘုရားသခင်နှင့် ဆက်နွယ်မူကို အလွန်ကျဆင်းပြီး၊ သူတို့သည်လစ်ဟင်းမူကို ခံစားခဲ့ပါသည်။ ဘေ့စ်ဘောကစားခန်းထဲတွင် ဆော့ကစားနေ သောသူအား ကစားရန်ပထမအစပြုလာသောအခါ မည်သည့်အရာကို အတောင့်တဆုံးဖြစ်သနည်းဟု မေးခဲ့သည်။ သူက “ထိပ်ဆုံးရောက်သောအခါ မည်သည့်အရာတခုမျှမရှိပါဟူသော တစုံတယောက်ပြောသည်စကားသံကိုသာ ကြားချင်သည်” ဟု ပြန်ဖြေခဲ့သည်။ သူတို့၏ ကြိုးပမ်းအားထုတ်မူနောက်ကွယ်တွင် အနတ္တသက်သက်ရှိသည်ကို များစွာသောပန်းတိုင်တို့က အသိပေးထားပါသည်။

လူ့အသိုင်းဝိုင်းထဲတွင် များစွာသောသူတို့က ရည်ရွယ်ချက်များစွာထားရှိ၍ ကြိုးပမ်းအားထုတ်တတ်ကြပါသည်။ ထိုရည်ရွယ်ချက်များထဲတွင် ဘ၀၏အဓိပါယ်တွေ့ရှိလိမ့်မည်ဟု ယူဆတတ်ကြသည်။ ထိုကြိုးပမ်းအားထုတ်ထဲတွင် စီးပွား ရေးအောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းမွန်သော မိတ်သဟာရဖွဲ့ခြင်း၊ ကာမဆက်ဆံခြင်း၊ ဖျော်ဖြေခြင်း နှင့် တခြားသူ များအပေါ် ကုသိုလ်ပြုခြင်းတို့ပါဝင်သည်။ လူတွေက သူတို့၏ရည်ရွယ်ချက်ဖြစ်သော ချမ်းသာခြင်း၊ မိတ်သဟာရဖွဲ့ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိသော်လည်း သူတို့စိတ်ထဲ၌ အနတ္တသက်သက်ကို ခံစားခဲ့ရသည်။ အထဲ၌ ဘာမျှမရှိသကဲ့သို့ ခံစားခဲ့သည်။

ဒေသနာဆရာက သူရေးသားထားသော စာထဲတွင်သူ၏ခံစားချက်ကို ဤသို့ရေးသားခဲ့ပါသည်။ “အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ဖြစ်၏ ” (ဒေ၊ ၁း၂)။ ဒေသနာကို ရေးသားထား သော ရှေလုမွန်မင်းကြီးသည် အတိုင်းမရှိချမ်းသာကြွယ်ဝသည်။ သူ့အချိန်၌ဖြစ်စေ၊ ကျွန်ုပ်တို့၏အချိန်၌ဖြစ်စေ သူ့လောက် ပညာရှိသောသူတယောက်မျှမရှိခဲ့ပေ။ မိန်းမအယောက်တစ်ထောင်ရှိသည်။ တခြားနိုင်ငံများ၏ တ၀န်တိုနေသော နန်းတော်နှင့် ဥယျာဉ်များစွာလည်းရှိသည်။ ကောင်းသောအစားအသောက်စားသုံးနိုင်သည်။ ကပြဖျော်ဖြေမူမြောက်များစွာရှိ သည်။ ထို့အပြင် သူလိုချင်သမျှသောအရာတို့ကို သူရရှိခဲ့သည်ဟု သူပြောခဲ့ပါသည်။ “နေအောက်တွင်ရှိသော အသက်တာ” ၊ ချမ်းသာကြွယ်ဝစွာ နေထိုင်သောဘ၀သည် အနတ္တသက်သက်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက် ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုမျက်မှောက်ကာလတွင် ကျွန်ုပ်တို့ လက်တွေ့ခံစားနိုင်သောအရာ၏ နောက်ကွယ် တွင် တစုံတခုကိုခံစားနိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သော ကြောင့်ဖြစ်သည်။ ရှောလုမွန်က ဘုရားသခင်ထံ ဤသို့ပြောခဲ့သည်။ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီး . . .” (ဒေ၊ ၃း၁၁)။ ယခုဘ၀တွင် တွေ့ကြုံခံစားနိုင်သောအရာတို့သည် ပြည့်စုံသော အရာမဟုတ်ကြောင်းကို ကျွန်ုပ်တို့နှလုံးသားက သိခဲ့သည်။

သမ္မာကျမ်းစာ၏ ပထမစာအုပ်ဖြစ်သော ကမ္ဘာဦးကျမ်းထဲတွင် ဘုရားသခင်က သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းခဲ့သည်ဟု ကျွန်ုပ်တို့တွေ့ရှိနိုင်သည် (က၊ ၁း၂၆)။ အဓိပါယ်သည် ကျွန်ုပ်တို့သည် တခြားသောအရာတို့ထက် ဘုရားသခင်နှင့်တူညီခြင်းကို ဆိုလိုသည်။ လူသားများမကျဆင်းမီနှင့် ကျိန်ခြင်းအမင်္ဂလာကို ဤလောကပေါ်သို့ မရောက်မီ အောက်တွင်ဖော်ပြထားသော အခြေအနေတို့ကို တွေ့ရသည်။ (၁) လူသည် အသိုင်းအ၀ိုင်းဖြင့်နေရန် ဘုရားသခင်က ဖန်ဆင်းခဲ့သည် (က၊ ၂း ၁၈-၂၅)။ (၂) ဘုရားသခင်က လူကိုလုပ်ငန်းတာဝန်ခန့်အပ်ခဲ့သည် (က၊ ၂း၁၅)။ (၃) ဘုရားသခင်သည် လူတို့နှင့်မိတ်သဟာရဖွဲ့သည် (က၊ ၃း၈)။ (၄) လောကကို အုပ်စိုးရန် ဘုရားသခင်က လူကိုအခွင့် အာဏာပေးခဲ့သည်။ ထို့အရာတို့၏အရေးပါမူတို့သည်အဘယ်နည်း။ ဤအရာများတခုစီတိုင်းကို မိမိအသက်တာ၌ အသုံးပြုရန် ဘုရားသခင် အလိုတော်ရှိသည်။ သို့သော် လူသားအားလုံးကျဆုံးသွားခဲပြီး လောကအပေါ်ကျိန်ခြင်း သက်ရောက်ခဲ့ပြီးနောက် (က၊ ၃)၊ ဤအရာ များကို လုံးဝမတွေ့ရတော့ပေ(အထူးသဖြင့် ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ခြင်း)။

သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းထဲတွင် ဘုရားသခင်က ယခုပစ္စုပ္ပန်ကာလတွင်ရှိ သော ကောင်းကင်နှင့် မြေကြီးကိုဖျက်ဆီး၍ ကျွန်ုပ်တို့သိရှိခဲ့ပြီးသည်အတိုင်း ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့ကို ဖန် ထာဝရကာလနေထိုင်ရန်အတွက် ဖန်ဆင်းလိမ့်မည်ဟု ဖွင့်ပြထားပါသည်။ ထိုအချိန်တွင် ကယ်တင်ခြင်းရပြီးသော သူတို့သည် ဘုရားသခင်နှင့်လုံးဝပျော်မွေ့ခြင်းဖြင့် မိတ်သဟာရဖွဲ့၍ မယုံကြည်သောသူတို့ကို တရားစီရင်ကာ မီးငရဲအိုင်ထဲ သို့ ပစ်ချရလိမ့်မည်ဖြစ်သည် (ဗျာ၊ ၂၀း၁၁-၁၅)။ အပြစ်တရားအတွက် ကျိန်ခြင်းသည် ပျောက်ကွယ်သွားပြီး၊ အပြစ်တရား၊ ၀မ်းနည်းခြင်း၊ ဖျားနားခြင်း၊ သေခြင်း၊ နာကျင်ခြင်း စသော မကောင်းဆိုးဝါးတို့ကို လုံးဝရှိတော့မည်မဟုတ်ပေ (ဗျာ၊ ၂၁း၎)။ ထို့နောက် ယုံကြည်သူတို့သည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးရလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ ကျိန်းဝပ်၍ သူတို့သည်လည်း ဘုရားသခင်၏သားသမီးများဖြစ်ရလိမ့်မည် (ဗျာ၊ ၂၁း၇)။ ထိုအချိန်တွင် ဘုရားသခင်သည် လူသားများ ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော သူနှင့်အတူမိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသော လူသားများ၊ မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသောလူသားများ၊ မိတ်သဟာရ ဖွဲ့ခြင်းကို ဖျက်ဆီး သော လူသားများဖြစ်သော်လည်း ကယ်တင်ခြင်းခံရပြီးသော သူတို့သည် ထာဝရကာလတွင် ဘုရားသခင်နှင့် လုံးဝပျော်မွေ့သော အသက်တာဖြင့် မိတ်သဟာရဖွဲ့ရလိမ့်မည်။ ယခုအသက်တာ၌ လိုချင်သောအရာဟူသ မျှရရှိပြီး ဘုရားသခင်နှင့်ထာဝရကာလ ပျော်ရွှင်ခြင်းသာမက (လု၊ ၂၃း၄၃) ဤလောကတွင် အသက်ရှင်ချိန်၌ပင် ရောင့်ရဲသော အသက်တာ နှင့် အဓိပါယ်ရှိသော အသက်တာရယူပိုင်ဆိုင်ရန် လမ်းဖွင့်ပေးထားသည်။ ထာဝရပျော်ရွှင်ခြင်းနှင့် “ဤလောကတွင် ကောင်းကင် နိုင်ငံကဲ့သို့ပျော်ရွှင်ခြင်း” မျိုးကို မည့်သို့ရရှိနိုင်မည်နည်း။

သခင်ယေရှုခရစ်တော်အားဖြင့် အဓိပါယ်ရှိသော အသက်တာကို ပြန်လည်ရရှိခြင်း

ယခုဘ၀နှင့် နောင်တမလွန်ဘ၀တွင် စစ်မှန်၍အဓိပါယ်ရှိသော အသက်တာရရှိနိုင်ရန် အာဒံနှင့်ဧ၀ံအပြစ်ပြုခဲ့ပြီး နောက်ပိုင်းပျက်ဆီးသွားခဲ့သော ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူရမည်ဖြစ်ပါသည်။ ယနေ့ထိုမိတ်သ ဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်အားဖြင့်သာ ရရှိနိုင်ပါသည် (တ၊ ၄း၁၂၊ ယောဟန်၊ ၁၄း၆၊ ယောဟန်၊ ၁း၁၂)။ လူတယောက်သည် မိမိအပြစ်နောင်တရ၍ (အပြစ်ပြုလိုသော စိတ်ပျောက်ကွယ်သွား၍ သခင်ယေရှုထံသို့ ပြောင်းလဲကား အသစ်သော အသက်တာဖြင့် အသက်ရှင်ရန်) သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစား (ကယ်တင်ခြင်းအတွက် ဘုရားသခင်၏စီမံချက်သည် အဘယ်နည်းဟူသော မေးခွန်းကိုကြည့်လျှင် အရေးကြီးသော အကြောင်းအရာ တို့ကို ပို၍တွေ့နိုင်ပါသည်) သော အချိန်မှစ၍ ထာဝရအသက်ရရှိသည်။

သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ရှာဖွေရုံဖြင့် ဘ၀၌စစ်မှန်သော အဓိပါယ်မတွေ့နိုင်ပေ။ (ခရစ်တော်ကို လေးစားခြင်းသာ)။ သို့သော် ခရစ်တော်၏တပည့်တော်အဖြစ် သူ၏ခြေရာသို့လိုက်လျှောက်ရန် လူတစ်ယောက်သည် အစပြုသောအချိန်၊ ဆုတောင်းခြင်းအားဖြင့် သူနှင့်စကားပြောသောအချိန်၊ သူ၏ပညတ်တော်တို့ကို လိုက်လျောခြင်းအားဖြင့် သူနှင့်အတူသွားလာရန်ဆုံးဖြတ်သောအချိန်မှစ၍ စစ်မှန်သောဘ၀အဓိပါယ်ကိုတွေ့ရှိနိုင်ပါသည်။ မိတ်ဆွေသည် မယုံကြည်သူ တစ်ဦး (သို့) ယုံကြည်သူအသစ်ဖြစ်ခဲ့လျှင် ဤသို့ပြောဆိုနိုင်ပါသည်။ “ထိုအရာကို ၀မ်းမြောက်စရာ (သို့) ကျွန်ုပ်တို့ အတွက် လိုအပ်မူများပြည့်စုံစရာမဟုတ်ပေ”။ သို့သော် စိတ်ရှည်သည်းခံ၍ ဆက်လက်ဖတ်စေလိုပါသည်။ သခင်ယေရှုက ဤသို့ မိန့်တော်မူသည်။ “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟု မိန့်တော်မူ၏။ (မဿဲ၊ ၁၁း၂၈-၃၀)။ “သို့တို့သည် အသက်နှင့်ပြည့်စုံခြင်းငှါ ငါလာ၏” (ယောဟန်၊ ၁၀း၁၀(ခ))။ “ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ် လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကား တိုင်ကိုထမ်း၍ ငါ့နောက်ကို လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူ သည် အသက်ကို တွေ့လိမ့်မည်” (မဿဲ၊ ၁၆း၂၄-၂၅)။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည် (ဆာ၊ ၃၇း ၄)။ ဤကျမ်းပိုဒ်အားလုံးတို့၏ ဖော်ပြလိုသော အရာသည် ကျွန်ုပ်တို့သည် ရွေးချယ်ပိုင်ခွင့်ရှိသည် ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် အနတ္တသက်သက်ဖြစ်သော ကိုယ်ကျိုးအတွက်သာ ရွေးချယ်နိုင်သည်။ (သို့) ကြွယ်ဝသော အသက်တာပေးသော၊ ကျွန်ုပ်တို့၏ နှလုံးသားတောင့်တမှုကို ဖြည့်ဆည်းပေးနိုင်သော၊ ကျေနပ်ရောင့်ရဲမှုကို ပေးသော ဘုရားသခင်နှင့် သူ၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ်တို့ရွေးချယ်နိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို ချစ်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာကို အလိုတော်ရှိသောကြောင့်ဖြစ် သည်။ လွယ်ကူသော အသက်တာမျိုးမဟုတ်ပဲ ကြွယ်ဝသော အသက်တာမျိုးဖြစ်ရန်လိုအပ်သည်။

မိတ်ဆွေသည် စကားရည်လုပွဲတစ်ခုတွင် ပြိုင်ပွဲဝင်ရန်ဆုံးဖြတ်ထားခဲ့သည် ဆိုပါစို့။ မိတ်ဆွေသည် ပြိုင်ပွဲခန်းမ ဆောင်သို့ ၀င်ဖို့တောင် ငွေကြေးမတတ်နိုင်ခဲ့လျှင် (သို့) မိတ်ဆွေသည် ထိုခန်းမဆောင်သို့ဝင်ရန် ငွေကြေးတချို့ လိုအပ်ခဲ့လျှင် ပြိုင်ပွဲမ၀င်နိုင်ပဲ ပြန်လှည့်သွားမည်ဖြစ်ပါသည်။ ၄င်းသည် ခရစ်ယာန် အသက်တာနှင့် တူပါသည်။ ဘုရားသခင်၏ နိုင်ငံတော် အတွက် အလုပ်ကြိုးပမ်းစွာ လုပ်ကိုင်ခြင်းသည် တနင်္ဂနွေနေ့ရောက်တိုင်း ခရစ်ယာန်ဖြစ်ခြင်းမျိုးမဟုတ်ပေ။ ထိုကဲ့သို့သော သူတို့ သည် အဖိုးအခမပေးတတ်ပေ။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ၀န်တာစိတ်ထား၍ လုပ်ဆောင်သောသူသည် ထိုသူ၏ ဇာတိ အသွေးအသားတောင့်တမှုတို့ကို လုံးဝပယ်ဖြတ်၍ ခရစ်တော်၏ တပည့်တော်အဖြစ် စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ခြင်း ပင် ဖြစ်သည်။ သို့မှသာ သူသည် ဘုရားသခင်စေခိုင်းသော အရာတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ သူတို့သည် အဖိုးအခ ပေးခဲ့သောသူများဖြစ်ကြသည်။ (ခရစ်တော်နှင့် သူ၏ အလိုတော် လုပ်ဆောင်ရန် ဆက်ကပ်အပ်နှံသော သူများဖြစ်ကြသည်။) သူတို့သည် ဇာတိပကတိစိတ်ကို ပပျောက်စေနိုင်သော သူများဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ်ကိုဖြစ်စေ၊ သူတို့၏ လုပ်ဆောင် ဖက်များကိုဖြစ်စေ၊ သူတို့၏ ဖန်ဆင်းရှင်ကိုဖြစ်စေ၊ နောင်တရခြင်းမရှိ တွေ့ဆုံခဲ့သော သူများဖြစ်ကြသည်။ မိတ်ဆွေသည် အဖိုး အခ ပေးခဲ့ပြီးပြီလော? ပေးဆပ်ရန် ဆန္ဒရှိပါသလား? ပေးအပ်လျှင် မိတ်ဆွေသည် ဘ၀အဓိပယ်နှင့် ရည်ရွယ်ချက်တွေ့သွားခဲ့ပြီး၊ နောင်တငတ်ခြင်းရှိတော့မည် မဟုတ်ပေ။



ထို့နောက် မြန်မာဘာသာဖြင့်ရေးထားသော စာမျက်နှာသို့ ပြန်လှည့်ပ



ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။?