settings icon
share icon
မေးခွန်း

လက်မခပ်မီ လိင်ဆက်ဆံခြင်းဟူသည်မှာ အဘယ်နည်း။

အဖြေ


ဧဖက် ၅း၃ က "မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည့်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံ ကြနှင့်"ဟု ဖော်ပြထားသည်။ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် မသင့်တော်သောအရာဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းများကို စာရင်းပြုစုထားခြင်းမရှိပါ။ လက်ထပ်ထိမ်းမြားခြင်းမပြုမီ လင်မယားတို့ပြုရမည့်အရာများကို တိကျသေချာစွာ ဖော်ပြထားခြင်းလည်းမရှိပေ။ သို့သော်၊ သမ္မာကျမ်းစာထဲတွင် ထိုသို့တိကျစွာဖော်ပြ ထားခြင်းမပြုခြင်းသည် ထိမ်းမြားလက်ထပ်ခြင်းမပြုမိ အတူတူအိပ်နိုင်သည်ဟု ဘုရားသခင်က ထောက်ခံအားပေးခြင်းမဟုတ်ပါ။ လင်မယားနှစ်ယောက်အတွက် ထိမ်းမြားခြင်းမပြုမီ အတူတူအိပ်ခြင်းကို ကျမ်းစာက တားမြစ်ထားသည်။ ထိမ်းမြားလက်ထပ်ခြင်းပြုသည့်ချိန်အထိ သံသယရှိသင့်သော ပေါင်းသင်းဆက်ဆံမှုကို ရှောင်ကြဉ်အပ်သည်။

ထိမ်းမြားလက်ထပ်ခြင်းမပြုသေးသော ယောကျ်ားတစ်ယောက်နှင့်မိန်းမတစ်ယောက်တို့သည် သံသယရှိဖွယ်သောအပြုအမူ၊ အနေအထိုင်များကို လုံးဝရှောင်ကြဉ်အပ်သည် (ရောမ ၁၄း၂၃)။ လူပျိုတစ်ယောက်နှင့်အပျိုတစ်ယောက်တို့သည် လက်မထပ်မီ အမျိုးမျိုးသောအပြုအမူများ၊ လိင် ဆက်ဆံမှုများနှင့် အတူတူအိပ်ခြင်းများ ရှောင်ကြဉ်အပ်သည်။ လက်မထပ်သေးသော ယောကျ်ားတစ် ယောက်နှင့်မိန်းမတစ်ယောက်တို့သည် လိင်ဆက်ဆံမှုဖြစ်စေသောအရာများကို ရှောင်ကြဉ်ရမည်။ မတရားသောမေထုန်၌မှီဝဲခြင်းဖြစ်စေသောအရာများကိုလည်း ရှောင်ကြဉ်ရမည်။ ကာမဆက်ဆံရေး ဖြစ်စေသောအရာဟူသမျှကိုလည်း ရှောင်ကြဉ်ရမည်။ သင်းအုပ်ဆရာများနှင့် ခရစ်ယာန်အကြံပြုနှီးနှောတိုင်ပင်သူများစွာတို့က အိမ်ထောင်မပြုရသေးသောသူများကို လက်မတွဲရန်၊ မဖက်ယမ်းကြရန်နှင့် မနမ်းကြရန် အကြံပြုထားသည်။ အိမ်ထောင်ပြုပြီးနောက် ဖက်ခြင်း၊ နမ်းခြင်း၊ လက်တွဲခြင်းပြုသင့်သည်။ ၄င်းသည် အိမ်ထောင်ပြုခြင်းထဲတွင် လိင်ဆက်ဆံရေးဖြစ်စေသော အရာများဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

လက်မခပ်မီ လိင်ဆက်ဆံခြင်းဟူသည်မှာ အဘယ်နည်း။
© Copyright Got Questions Ministries