settings icon
share icon
မေးခွန်း

ကျမ်းစာပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သူများက နောက်ဆုံးသောအချိန်များကို မည်သို့ မြင်တွေ့ကြသနည်း။

အဖြေ


ပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သူများက ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသောအရာများသည် ကနဦး အသင်းတော်တိုက်ခိုက်မှု၏ အမှတ်လက္ခဏာဖြစ်သည်ဟု ဘာသာပြန်ဆိုထားကြသည်။ နောက်ဆုံးသော ကာလမှာ ဖြစ် ပျက်မည့်အရာများ ရည်ညွှန်းခြင်းမဟုတ်ပါ။ ပရောဖက်စကားများပြည့်စုံပြီးဟု ယုံကြည်သူများက ဗျာဒိတ်ကျမ်းထဲမှာ ဖော်ပြထားသောအနာဂတ်အကြောင်းအများစုကို ငြင်းပယ်ခဲ့ကြသည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသော ပုံဥပမာများနှင့် အမှတ်သင်္ကေတများသည် အနာဂတ်အကြောင်းကို ရည်ညွှန်းလိုခြင်းမဟုတ်ကြောင်း ပရောဖက်စကား များပြည့်စုံပြီဟု ယုံကြည်သူများက ခုခံပြောဆိုသည်။ ပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သောသူများက ရောမ လူမျိုးများက ယေရုရှလင်မြို့နှင့်ဣသရေလလူမျိုးများကို တိုက်ခိုက်ဖျက်ဆီးသောအခါ အေဒီ ၇၀ ခုနှစ်တွင် ဓမ္မသစ်ကျမ်း ပရောဖက်ပြုချက်များအားလုံး ပြည့်စုံသွားခဲ့ပြီဟု အဓိက သွန်သင်ထားကြသည်။

ဗျာဒိတ် ၂နှင့်၃ ထဲတွင် ဖော်ပြထားသော အသင်းတော်များသို့ စာရေးပေးပို့ခြင်းများသည် တစ်ရာစုခုနှစ်တွင် စစ်မှန်သော အသင်းတော်များသို့ ပေးပို့ခြင်းဖြစ်ပြီး ယနေ့အသင်းတော်များအတွက် လက်တွေ့အသုံးပြုရမည့်အရာများပါဝင်သည်။ သို့ သော် အခန်းကြီး ၆-၂၂သည် အဖြစ်ရသေးသောအနာဂတ်အတွက်ရေးထားသောအရာဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော ပရောဖက်အကြောင်းများကို ထိုအတိုင်းအနက်ဖွင့်လျှင် ဗျာဒိတ်ကျမ်းထဲတွင်ဖော်ပြထားသော ပရောဖက် စကားများ အနက်ဖွင့်ဆိုစရာအကြောင်းမရှိပါ။ ဥပမာအားဖြင့် ဓမ္မဟောင်းထဲမှာ ကြိုတင်ဖော်ပြထားသော ခရစ်တော်ကြွ လာခြင်းအကြောင်းကို သခင်ယေရှုခရစ်တော်အားဖြင့် ပြည့်စုံခဲ့သည်။ ကြိုတင်ဟောကြားချက်အတိုင်း အချိန်စေ့သော အခါ ခရစ်တော်သည် ကြွလာခဲ့သည် (ဟေရှာယ ၉း၂၅-၂၆)။ ခရစ်တော်သည် အပျိုကညာမှ မွေးဖွားခဲ့သည် (ဟေရှာယ ရး၁၄)။ သူသည် ကျွနု်ပ်တို့အတွက် ဆင်းရဲဒုက္ခခံကာ အသေခံခဲ့သည် (ဟေရှာယ ၅၃း၅-၉)။ ဓမ္မသစ်ကျမ်းထဲတွင် ဘုရားသခင်ဖွင့်ပြထားသော ပရောဖက်စကားရာပေါင်းများစွာတို့သည် ပြည့်စုံခဲ့ပြီဖြစ်ကြောင့် မျက်ဝါးထင်ထင် တွေ့ရှိနိုင် သည်။ သို့သော် ထိုအရာက မပြည့်စုံသေးသော ပရောဖက်စကားများရှိသေးသည်ကို မဆိုလိုပါ။ တနည်းအားဖြင့် မပြည့်စုံရ သေးသော ပရောဖက်စကားများရှိသေးသည်ကို နားလည်ရန်အတွက် မဟုတ်ပါ။

ထို့ပြင် ပရောဖက်စကားများပြည့်စုံခဲ့ပြီဟူသောယုံကြည်မှုသည် ဗျာဒိတ်ကျမ်းတစ်အုပ်လုံးအနက်ဖွင့်ဆိုချက်နှင့် ညီညွတ်မှုမရှိပါ။ နောက်ဆုံးသောကာလများအကြောင်းနှင့်ပတ်သက်ပြီး ပရောဖက်စကားများပြည့်စုံပြီဟု ခံယူချက်အရ ဗျာဒိတ် အခန်းကြီး ၆-၁၈ တို့သည် ပုံဥပမာ၊ သင်္ကေတအမှတ်အသား ဖြစ်သည်။ လက်တွေ့ဖြစ်ပျက်မည့်အရာမဟုတ်ပါ။ သို့သော် သူတို့အမြင်အရ အခန်းကြီး ၁၉ သည် လက်တွေ့ဖြစ်ပျက်မည့်အရာဖြစ်သည်ဟု နားလည်ရမည်။ သခင်ယေရှုသည် ကိုယ်ခန္ဓာဖြင့် ပြန်လည်ကြွလာလိမ့်မည်။ ထိုနောက် အခန်းကြီး ၂၀ ကိုလည်း ပုံဥပမာဖြစ်သည်ဟု ပရောဖက်စကားများပြည့်စုံခဲ့ပြီဟု ခံယူသူများက ပြောကြသည်။ အခန်းကြီး ၂၁-၂၂ တို့သည် လက်တွေ့ဖြစ်ပျက်မည့်အရာ၊ ကောင်းကင်သစ်နှင့်မြေကြီးသစ် အမှန်ဖြစ်လာမည့်အကြောင်း ဖြစ်သည်။ ဗျာဒိတ်ကျမ်းထဲ တွင် အံ့သြဖွယ်ရာအဖြစ်အပျက်များပါဝင်ပြီး တခါတရံ ရူပါရုံဖြစ်သည် ငြင်းဆိုဖွယ်ရှိသည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖြစ်ပျက်လာမည့်အရာများ တင်စားဖော်ပြထားခြင်းဖြစ်သည်ဟု မည်သူကမျှ ငြင်းဆို၍မရပါ။ သို့သော် ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသော အနာဂတ်အကြောင်းများတစ်ခုငြင်းပယ်ကာ အချို့ကို အနာဂတ်လက်တွေ့ဖြစ်ပျက်မည့်အရာဖြစ်သည် ဟုယူဆခြင်းသည် ဗျာဒိတ်ကျမ်းကို ဖျက်ဆီးခြင်း ဖြစ်သည်။ တံဆိပ်များ၊ တံပိုးများ၊ ခွက်ဖလားများ၊ သက်သေများ၊ ၁၄၄၀၀၀၊ သားရဲ၊ မှားယွင်းသောပရောဖက်၊ အနှစ်တစ်ထောင်အုပ်စိုးခြင်း စသည်တို့သည် ပုံဥပမာ (သို့)အမှတ်သင်္ကေတ ဖြစ်လျှင် ခရစ်တော်ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့် မြေကြီးသစ်နှင့်ကောင်းကင်သစ်တို့သည် မျက်ဝါးထင်ထင် ရောက်လာမည်ဟု မည်သည့်အကြောင်းအရာပေါ်မှာ အခြေခံပြီး ပြောဆိုနိုင်မည်နည်း။ ၄င်းသည် ပရောဖက်စကားများ ပြည့်စုံပြီဟု ယုံကြည်သောသူများ၏ အားနည်းချက်ပင် ဖြစ်သည်။ အကြောင်းမှာ သူတို့က ဗျာဒိတ်ကျမ်းကို အနက်ဖွင့် သောအခါ ဘာသာပြန်သူ၏ ထင်မြင်ယူဆချက်များပေါ်မှာ အခြေခံပြီး အနက်ဖွင့်ဆိုထားသောကြောင့် ဖြစ်သည်။ ကျွနု်ပ်တို့ သည် ဗျာဒိတ်ကျမ်းကို လက်တွေ့တိကျဖြစ်လာမည့်အရာဖြစ်သည်ဟု ဖတ်ပြီး ယုံကြည်ကာ နာခံရမည် ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကျမ်းစာပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သူများက နောက်ဆုံးသောအချိန်များကို မည်သို့ မြင်တွေ့ကြသနည်း။
© Copyright Got Questions Ministries