settings icon
share icon
မေးခွန်း

သန့်ရှင်းသောဝိညာဉ်တော်ကို မည်သည့်အချိန်/မည်ကဲ့သို့ ရရှိသနည်း။

အဖြေ


တမန်တော်ရှင်ပေါလုက ကျွနု်ပ်တို့သည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံ ကြည်လက္ခံသည်နှင့်တပြိုင်နက် သန့်ရှင်းသောဝိညာဉ်တော်ရရှိသည်ဟု သွန်သင်ထားပါသည်။ ၁ကော ၁၂ း၁၃ ထဲတွင် “အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ၀ိညာဉ်တပါးတည်းအားဖြင့်၊ တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏” ဟုဖော်ပြထားသည်။ ရောမ ၈း၉ က သန့်ရှင်းသောဝိ ညာဉ်တော်မပိုင်ဆိုင်သောသူများသည် သခင်ယေရှုလူမဟုတ်သောသူများဖြစ်ကြသည်ဟု ဖော်ပြထား သည်။ “သို့သော်လည်း ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့ သည် ဇာတိပကတိ၌ရှိကြသည်မဟုတ်။ ၀ိညာဉ်ပကတိဘက်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကို မရသောသူ မည်သည်ကား ခရစ်တော်နှင့်မဆိုင်။” ဧဖက် ၁း၁၃-၁၄ထဲတွင် ယုံကြည်သောသူများသည် သန့်ရှင်းသော ၀ိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကို ခံသောသူများဖြစ်ကြသည်ဟု သွန်သင်ထားပါသည်။ “သင်တို့ သည် လည်းကယတင်တော်ခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကို ကြားနာ ရ၍၊ ထိုခရစ်တော်ကိုယုံကြည်ပြီးမှ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်း ကို ခံရကြပြီ။ ပိုင်ထိုက်တော်သောသူတို့သည် ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်းနှင့် ရွေး နှုတ်တော်မူခြင်း သို့မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏စားရန်ဖြစ်တော်မူ၏” ဟု ဖော်ပြထား ပါသည်။

အထက်၌ဖော်ပြထားသောကျမ်းပိုဒ်များကိုကြည့်လျှင် ကယ်တင်ခြင်းစိတ်ချမှုရရှိသည်နှင့်တပြိုင်တည်း သန့် ရှင်းသောဝိညာဉ်တော်ရရှိသည်ဟု သေချာစွာ ဖော်ပြထားပါသည်။ တမန်တော်ရှင်ပေါလုက ကောရ န္တုမြို့ တွင် ရှိသောယုံကြည်သူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်မပိုင်လျှင် ကျွနု်ပ်တို့အားလုံးသည် ၀ိညာဉ်တစ်ခုတည်း၌ဗတ္တိဇံကို ခံယူခြင်း တစ်ဝိညာဉ်တည်း၌ ၀ိညာဉ်တော်ရေသောက်ခြင်းဖြစ်သည်ဟု မပြောခဲ့ပေ။ ရောမ ဂး၉သည် သန့်ရှင်းဝိညာဉ်တော်ကို မရသောသူများသည် သခင်ယေရှုမပိုင်သောသူများ ဖြစ်ကြသည်ဟု အတိအလင်းဖော်ပြထားပါသည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းစိတ်ချမှုရရှိခြင်းဖြစ်သည်။ ထို့ပြင် ကယ်တင်ခြင်းရရှိသည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ် တော်မရလျှင် “ကယ်တင်ခြင်းအတွက် တံဆိပ်ခတ်ခြင်း” (ဧဖက် ၁း၁၃-၁၄)သည် သန့်ရှင်းသောဝိညာဉ် တော်မဟုတ်ပေ။ ကျွနု်ပ်တို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံကြသောအခါ ကျွနု်ပ်တို့ရရှိသောကယ်တင်ခြင်းသည် လုံခြုံမှုရှိသည်ဟု အာမခံပေးသော ကျမ်းပိုဒ်များစွာရှိသည်။

သန့်ရှင်းသောဝိညာဉ်တော်၏ သာသနာလုပ်ငန်းများသည် စိတ်ရှုတ်ထွေးမှုများစွာရှိသောကြောင့် ယခု ဆွေးနွေးထားသော ဤအချက်များသည် ငြင်းဆိုဖွယ်ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်း/ ရရှိခြင်းသည် ကယ်တင်ခြင်းစိတ်ချမှုရရှိသော အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည်။ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝခြင်းသည် ခရစ်ယာန်အသက်တာထဲတွင် အစဉ်အတိုင်းဖြစ်ထွန်းလျက်ရှိသောအရာဖြစ် သည်။ ကျွနု်ပ်တို့သည် ကယ်တင်ခြင်းရရှိသည်နှင့်တပြိုင်တည်း သန့်ရှင်းသောဝိညာဉ်တော်ရရှိသည်ဟု ယုံကြည်သော်လည်း အချို့သောခရစ်ယာန်များက ယုံကြည်ခြင်းမရှိခဲ့ကြပေ။ ထိုကြောင့် သန့်ရှင်းသောဝိ ညာဉ်တော်၏ဗတ္တိဇံခံယူခြင်းကို “သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း” နှင့် ရောထွေးတတ်ကြသည်။ သန့် ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံခံယူခြင်းသည် ကယ်တင်ခြင်းရရှိခြင်းအတွက် အဆက်မပြတ်ဖြစ်ပေါ် နေသောအရာဖြစ်သည်။

နိဂုံးအနေဖြင့်၊ ကျွနု်ပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို မည်သို့ရရှိကြသနည်း။ ကျွနု်ပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို သခင်ယေရှုခရစ်တော်ကို မိမိအသက်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက္ခံ ရရှိခြင်းအားဖြင့် ရရှိသည် (ယောဟန် ၃း၅-၆)။ ကျွနု်ပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို မည်သည့် အချိန်တွင် ရရှိခဲ့သနည်း။ ကျွနု်ပ်တို့သည် သခင်ယေရှုကို ယုံကြည်လက္ခံသောအချိန်မှစ၍ သန့်ရှင်းသော ၀ိညာဉ်တော်ကို အစဉ်အမြဲပိုင်ဆိုင်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သန့်ရှင်းသောဝိညာဉ်တော်ကို မည်သည့်အချိန်/မည်ကဲ့သို့ ရရှိသနည်း။
© Copyright Got Questions Ministries