သမ္မာကျမ်းစာက ကျွန်ခိုင်းစားခြင်းကို လျစ်လျူရှုသလား။



မေးခွန်း: သမ္မာကျမ်းစာက ကျွန်ခိုင်းစားခြင်းကို လျစ်လျူရှုသလား။

အဖြေ:
ကျွန်အဖြစ်ခိုင်းစားခြင်းသည် အတိတ်ကာလမှာ ကုန်ဆုံးသွားသည်ဟု ထင်မှတ်ခြင်းသည် မှားသည်။ သို့သော် ယနေ့ကမ္ဘာပေါ်မှာ သန်းပေါင်း ၁၂ ကျော် သည် အတင်းအဓမ္မခိုင်းစားခြင်း၊ လိင်ဆက်ဆံမှုပြုရန် ရောင်းစားခြင်း၊ အမွေစား အမွေခံများဖြစ်ရန်ရောင်းခြင်း စသည်ဖြင့် ကျွန်ခံကြသည်။ အပြစ်တရား၏ကျေးကျွန်မှ ရွေးနှုတ်ကယ်တင်ခြင်းခံရသော သူများ၊ သခင်ယေရှုခရစ်တော်၏နောက်လိုက်သူများသည် ယနေ့ကမ္ဘာပေါ်မှာ လူသားဆိုင်ရာ ကျေးကျွန်မှ အမြင့်ဆုံး လွတ်မြောက်မှုရရှိသောသူများဖြစ်ကြသည်။ မေးရမည့်မေးခွန်းများမှာ သမ္မာကျမ်းစာက အဘယ်ကြောင့် ကျေးကျွန်ခိုင်းစားခြင်းကို မတားမြစ် သနည်း။ သမ္မာကျမ်းစာက အဘယ်ကြောင့် လူသားများကျေးကျွန်ခိုင်းစားခြင်းကို ထောက်ခံအားပေးသနည်း ဖြစ်သည်။

သမ္မာကျမ်းစာထဲတွင် ကျေးကျွန်ခိုင်းစားခြင်းကျင့်သုံးမှုကို အထူးသဖြင့် ဒဏ်မခတ်ပါ။ ကျွန်များအား မည်သို့ ဆက်ဆံရမည် အကြောင်းကို လမ်းညွန်ထားသည် (တရားဟော ၁၅း၁၂-၁၅၊ ဧဖက် ၆း၉၊ ကောလောသဲ ၄း၁)။ ဥပဒေနှင့်အညီ ကျွန်များကို ခိုင်းသင့်သည်။ လူများစွာတို့က သမ္မာကျမ်းစာက ကျေးကျွန်ခိုင်းစားခြင်းအားလုံး ထောက်ခံအားပေးသည်ဟု ပြောတတ်ကြသည်။ လူအများမပြားမသိနားမလည်သောအရာမှာ သမ္မာကျမ်းစာခေတ်ကာလတွင် ကျွန်ခံခြင်းနှင့် လွန်ခဲ့သော ရာစုအနည်းငယ်ခန့်က ကျွန်ခံခြင်းကျင့်သုံးမှုသည် မတူညီပါ။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော ကျွန်ခံခြင်းသည် လူမျိုးခွဲခြားမှုမရှိပါ။ လူတွေက သူတို့၏လူမျိုး သို့မဟုတ် အသားအရေအရောင်ကြောင့် လူတွေက ကျွန်မခံကြပါ။ သမ္မာကျမ်းစာခေတ်မှာ ကျွန်ခံသူများသည် လူမှုရေးအခြေအနေကြောင့် ဖြစ်သည်။ ဓမ္မသစ်ခေတ်ကာလ တွင် တခါတရံ ဆေးဆရာဝန်များ၊ ရှေ့နေများ၊ နိုင်ငံရေးသမားများသည် အချို့သောလူများထံ ကျွန်ခံကြသည်။ အချို့သောသူများက သူတို့၏လိုအပ်မှုများကို သခင်ကထောက်ပံ့ပေးမည်ဟု မျှော်လင့်လျက် ကျွန်ခံခဲ့ကြသည်။

လွန်ခဲ့သောရာစုနှစ်အနည်းငယ်ခန့်က ကျွန်ခံသူများသည် အသားအရေခွဲခြားမှုကြောင့် ဖြစ်သည်။ အမေရိကနိုင်ငံမှာ လူမည်းများအား လူမည်းဖြစ်သောကြောင့် ကျွန်များဖြစ်သည်ဟု ထင်မှတ်ကြသည်။ ကျွန်ပိုင်ရှင်များက လူမည်းများသည် အောက်ကျသောလူတန်းစားများဖြစ်သည်ဟု အမှန်ယုံကြည်ကြသည်။ သမ္မာကျမ်းစာက အသားအရေခွဲခြားပြီး ကျွန်ခံစေကို လုံးဝ ကန့်ကွက်သည်။ ဧဂျစ်ပြည်တွင် ကျွန်ခံသော ဟေဗြဲလူမျိုးများကို စဉ်းစားပါ။ ဟေဗြဲလူမျိုးများသည် ကျေးကျွန်များဖြစ်သည်။ သူတို့စိတ်ကြိုက်ရွေးချယ်မှုမဟုတ်ပါ။ သို့သော် သူတို့သည် ဟေဗြဲလူမျိုးဖြစ်သောကြောင့် ဖြစ်သည် (ထွက် ၁၃း၁၄)။ ဧဂျစ်လူမျိုးများအပေါ် ဘုရားသခင်သွန်းလောင်းသော ကပ်ဆိုးများသည် ဘုရားသခင်က လူမျိုး ခွဲခြားကာ ကျွန်အဖြစ်အသုံးပြုခြင်းကို မနှစ်သက်သောကြောင့် ဖြစ်သည်ဟု ယူဆနိုင်သည် (ထွက် ၇-၁၁)။ သမ္မာကျမ်းစာက အချို့သော ကျွန်များကို ဒဏ်ခတ်တားမြစ်သည်။ ထိုနည်းတူ သမ္မာကျမ်းစာက အချို့သောကျွန်များကို ခွင့်လွတ်သည်။ သမ္မာကျမ်းစာက လူမျိုး၊ လူတန်းစားခွဲခြားပြီး ကျွန်အဖြစ်အသုံးပြုခြင်းကို ခွင့်မပြုပါ။ ထိုကျင့်သုံးမှုသည် လွန်ခဲ့သောနှစ်ပေါင်းရာစုအနည်းငယ်ခန့်တွင် ကမ္ဘာပေါ်မှာ ကျင့်သုံးခဲ့ကြသည်။

ထို့ပြင်၊ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းများက ၁၉ရာစု၊ အဖရိကတိုက်မှာ ဖြစ်ပျက်နေသော "လူခိုးခြင်း" ကျင့်သုံးမှုကို တားမြစ်ထားသည်။ အဖရိကများကို ကျွန်လိုက်လံရှာဖွေသူများက ၀ိုင်းဖမ်းကြသည်။ ဖမ်းဆီးသောသူတို့သည် ကျွန်ကုန်သွယ်မှုပြုသော သူများဖြစ်သည်။ သူတို့က အဖရိကများကို ဖမ်းပြီး ကမ္ဘာသစ်၌ရှိသော ခြံနှင့်လယ်မြေများမှာ အလုပ်လုပ်ရန် ခေါ်သွားခဲ့ ကြသည်။ ဤကျင့်သုံးမှုကို ဘုရားသခင်က ရွံရှာမုန်းတီးသည်။ ဤရာဇ၀တ်ကျူးလွန်သူများကို မောရှေဥပဒေထဲမှာ သေဒဏ်ခံရမည်ဟု ဖော်ပြထားသည်။ "လူကိုခိုးသောသူသည် ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေ သတ်ခြင်းကို အမှန်ခံရမည်" (ထွက် ၂၁း၁၆)။ ထိုနည်းတူ ဓမ္မသစ်ကျမ်းထဲတွင်လည်း လူကုန်ကူးသူများသည် "ဘုရား တရားမသိသောသူများ၊ အပြစ်ပြုသောသူများ"အဖြစ် သတ်မှတ်သည်။ သူတို့သည် မိဘနှစ်ပါးကို သတ်သောသူများ၊ လူ့အသက်သတ်သောသူများ၊ မုဒိန်းကျင့်သောသူများနှင့် ကိုယ်ကျင့်တရားပျက်ပြားသောသူများ၊ လှည့်စားသောသူများ နှင့် မုသာသုံးသောသူများဖြစ်နှင့်အတူတူပင် ဖြစ်သည် (၁တိ ၁း၈-၁၀)။

သမ္မာကျမ်းစာ၏အရေးကြီးသော အခြားရည်ရွယ်ချက်မှာ ကယ်တင်ခြင်းလမ်းပြရန်အတွက် ဖြစ်သည်။ လူမှုအဖွဲ့အစည်းကို ပြန်လည်ပြုပြင်ရန်အတွက် မဟုတ်ပါ။ သမ္မာကျမ်းစာက အများအားဖြင့် အတွင်းနှလုံးသားမှ အပြင်ပန်းကိုယ်ကျင့်တရားကို ပြုပြင်ပေးသည်။ ကယ်တင်ခြင်းရရှိခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်၊ ဂရုဏာတော်နှင့်ကျေးဇူးတော်များပိုင်ဆိုင် သောသူတစ်ဦးကို ဘုရားသခင်၏သူ၏စိတ်ကို ပြုပြင်လိမ့်မည်။ သူ၏အတွေးအခေါ်များ၊ လုပ်ဆောင်မှုများကို ပြုပြင်လိမ့် မည်။ ဘုရားသခင်အခမဲ့ပေးထားသော ကယ်တင်ခြင်းကို ရရှိပြီး အပြစ်တရား၏ကျေးကျွန်မှလွတ်မြောက်သောလူတစ်ဦး သည် ဘုရားသခင်ကသူ၏၀ိညာဉ်ပြုပြင်ပြောင်းလဲပေးသည့်နည်းတူ၊ သူက လူတစ်ယောက်ထံကျွန်ခံခြင်းသည် မှားယွင်း သည်ဟု နားလည်လိမ့်မည်။ ဘုရားသခင်၏ကျေးဇူးတော်ကိုခံစားသောလူတစ်ဦးသည် အခြားသူများအပေါ် ကျေးဇူးပြု ခြင်းအမှုကို ပြုလိမ့်မည်။ ထိုအရာသည် သမ္မာကျမ်းစာမျှော်လင့်သွန်သင်သော ကျွန်စနစ်၏နောက်ဆုံး အဆုံးသတ်ခြင်း ဖြစ်သည်။


ထို့နောက် မြန်မာဘာသာဖြင့်ရေးထားသော စာမျက်နှာသို့ ပြန်လှည့်ပ


သမ္မာကျမ်းစာက ကျွန်ခိုင်းစားခြင်းကို လျစ်လျူရှုသလား။