settings icon
share icon
မေးခွန်း

ခရစ်ယာန်လင်မယားအပေါ် ခွင့်ပြုခြင်း/မပြုခြင်းရှိသော လိင်ဆက်ဆံမှုသည် မည်သည့် အရာဖြစ်သနည်း။

အဖြေ


သမ္မာကျမ်းစာက "ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှု သည် အသေရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့်သူမယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်" (ဟေဗြဲ ၁၃း၄) ဟု ဖော်ပြထားသည်။ နှုတ်ကပတ်တော် ထဲတွင် လိင်ဆက်ဆံမှုနှင့်ပတ်သက်ပြီး လုပ်ရန်/ရှောင်ရန်များကို ဖော်ပြထားခြင်းမရှိပေ။ ယောကျ်ား ဖြစ်စေ၊ မိန်းမဖြစ်စေ လုပ်ရမည့်အရာမှာ "အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသောအခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှ မရှောင်ရဟု မဆိုလို"(၁ကော ရး၅)ဟု ညွန်ကြားထားသည်။ ဤကျမ်းပိုဒ်က လိင်ဆက်ဆံရေးနှင့် ပတ်သက်ပြီး အခြေခံသဘောတရားကို ညွှန်ကြားထားသည်။ လုပ်ဆောင်မှုတစ်ခုစီတိုင်း၌ နှစ်ယောက် သားသဘောတူညီမှုရှိရမည်။ တစ်ယောက်ယောက် မသင့်တော်မဟပ်စပ်သောအရာ၊ မှားယွင်းမှုရှိ သည်ဟုယူဆသောအရာများကို မပြုလုပ်သင့်ပါ။ လင်ဖြစ်စေ၊ မယားဖြစ်စေ တစုံတခုကို ပြုလုပ်ရန် သဘောထားတူညီလျှင် (ဥပမာ- လိင်ဆက်ဆံရေးအပြောအဆို၊ မတူညီသောအခြေအနေများ၊ လိင် ဆက်ဆံရေးပျော်ရွှင်မှုများ စသဖြင့်) သမ္မာကျမ်းစာက ထိုအရာများမပြုကြနှင့်ဟု တားမြစ်ထားခြင်းမရှိ ပါ။

သို့သော် အိမ်ထောင်ပြုပြီးသော လင်မယားအတွက် ခွင့်မပြုသောအရာ တစ်ချို့ရှိသည်။ "အတင်းအဓမ္မလိင်ဆက်ဆံခြင်း" သို့မဟုတ် "သုံးယောက်တွဲ/လေးယောက်တွဲလိင်ဆက်ဆံခြင်း" သည် အဓ္ဓမကျင့်ခြင်း ဖြစ်သည် (ဂလာတိ ၅း၁၉၊ ဧဖက် ၅း၃၊ ကောလောသဲ ၃း၅၊ ၁သက် ၄း၃)။ သင့်လင်/မယားက ခွင့်ပြု သည်ဖြစ်စေ၊ မှန်ကန်သည်ဟု ထောက်ခံသည်ဖြစ်စေ၊ လက်တွေ့အသုံးပြုသည်ဖြစ်စေ မတရားသော မေထုန်ပြုခြင်းသည် အပြစ်ဖြစ်သည်။ မကောင်းသောရုပ်ပုံများကြည့်ရှုခြင်းသည် "ကိုယ်ခန္ဓာတပ်မက် သောစိတ်၊ မျက်စိဖြင့်တပ်မက်သောစိတ်" (၁ယော ၂း၁၆) ဖြစ်စေတတ်သည်။ ထိုသို့ပြုခြင်းကို ဘုရားသခင်က ပြစ်ဒဏ်ပေးသည်။ လင်မယားနှစ်ယောက်စလုံးက လိင်ဆက်ဆံမှုပြုသောအခါ မကောင်း သောရုပ်ပုံများမကြည့်ရှုအပ်ပါ။ ဤအချက်နှစ်ခုအပြင် လိင်မယားအတွက် သဘောတူ အတူတကွ လုပ်ဆောင်ရသောအရာများအတွက် သမ္မာကျမ်းစာက တိကျစွာ တားမြစ်ထားခြင်းမရှိပါ။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခရစ်ယာန်လင်မယားအပေါ် ခွင့်ပြုခြင်း/မပြုခြင်းရှိသော လိင်ဆက်ဆံမှုသည် မည်သည့် အရာဖြစ်သနည်း။
© Copyright Got Questions Ministries