မေးခွန်း
။ ဘုရားသခင်သည် အဘယ်ကြောင့် မနာလိုသောဘုရားသခင်ဖြစ်သနည်း။
အဖြေ
။ မနာလို ဟူသောဝေါဟာရအသုံးအနှုန်းနားလည်ခြင်းသည် အလွန်အရေးကြီးသည်။၎င်းသည် ထွက် မြောက်ရာ၂၀း၅တွင် ဘုရားသခင်အား ဖော်ပြခြင်းဖြင့်အသုံးပြုရာမှာ မနာလိုမှုအပြစ်ကိုဖော်ပြခြင်းနှင့်ခြားနားသည်(ဂလာတိ ၅း၂၀)။ မနာလိုခြင်း ဟူသော စကားလုံးကို ကျွန်ုပ်တို့သုံးသောအခါ၊ ကျွန်ုပ်တို့၌မရှိသောအရာတစ်စုံတစ်ခု လူတစ်ဦးတွင် ရှိသောအခါ ထိုသူအား ကျွန်ုပ်တို့သည်အားကျမနာလိုဖြစ်ခြင်းကိုဆိုလိုသည်။လူတစ်ဦးတွင် ကားကောင်း၊အိမ်(ပိုင်ဆိုင်မှု)ရှိ သောကြောင့် လူတစ်ဦးက မနာလို သို့မဟုတ် သ၀င်တိုနိုင်သည်။ သို့မဟုတ် လူတစ်ဦးတွင် စွမ်းရည်၊ကျွမ်းကျင်မှုတစ်ခုခု ကြောင့် (ဥပမာ အားကစားစွမ်းရည်) လူတစ်ဦးမှ မနာလိုခြင်း သို့မဟုတ် သ၀န်တိုခြင်းဖြစ်နိုင်သည်။အခြားဥပမာတစ်ခုမှာ လူတစ်ဦး၏လှပမှုကြောင့် လူတစ်ဦးမှ မနာလိုခြင်း သို့မဟုတ် သ၀န်တိုခြင်းဖြစ်နိုင်သည်။
ထွက်မြောက်ရာ၂၀း၅တွင် ဘုရားသခင်လိုချင်သောအရာ သို့မဟုတ် လိုအပ်သောအရာကို တစ်စုံတစ်ဦးမှာရှိသော ကြောင့် ဘုရားသခင်သည် မနာလိုခြင်း သို့မဟုတ် သ၀န်တိုခြင်းကိုမဆိုလိုပေ။ ထွက်မြောက်ရာ၂၀း၎-၅ ဆိုသည်မှာ၊ အထက်မိုယ်းကောင်းကင်၌၎င်း၊အောက်အရပ်မြေကြီးပေါ်၌၎င်း၊မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့်ပုံသဏ္ဍာန်တူ အောင်၊ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ဦးမချဝတ်မပြုနှင့်။အကြောင်းမူကား၊သင်၏ ဘုရားသခင် ငါထာဝရဘုရား သည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား(အိင်္ဂလိပ်ဘာသာ၌ မနာလိုခြင်းဟုဆိုသည်)ဖြစ်၏။တစ်စုံတစ်ဦးသည် ဘုရား သခင်ဥစ္စာကိုမှန်ကန်စွာ ဘုရားသခင်အားမပေးဘဲ အခြားသောအရာအား ပေးသောအခါ ဘုရားသခင်သည် မနာလိုကြောင်း သတိပြုပါ။
ဤအခန်းငယ်များတွင် လူများက ဘုရားသခင်တပါးတည်းသာပိုင်ဆိုင်ထားသောကိုးကွယ်ခြင်းကို ကိုယ်တော်အား ပေးမည့်အစား ရုပ်တုပ်များလုပ်ပြီး ဦးချကာ ကိုးကွယ်နေခြင်းကို ဘုရားသခင်ကပြောနေသည်။ဘုရားသခင်သည် သူနှင့်စပ် ဆိုင်သော ကိုးကွယ်ခြင်းနှင့်အမှုဆောင်ခြင်းကို ပိုင်ဆိုင်ထားသည်။ဘုရားသခင်မှလွဲ၍ အခြားမည်သည့်အရာကိုမဆို ကိုးကွယ်ခြင်း သို့မဟုတ် အစေခံအမှုဆောင်ခြင်းမှာ (ဤပညတ်တရား၌ ဘုရားသခင်ထောက်ပြသည့်အတိုင်း)အပြစ်တစ်ခု ဖြစ်သည်။ကျွန်ုပ်တို့၌မရှိသောအရာ တစ်စုံတစ်ဦး၌ရှိလို့ ထိုအရာကို ကျွန်ုပ်တို့က လိုချင်မှု၊သ၀င်တိုမှု သို့မဟုတ် မနာလိုမှု ဖြစ်သောအခါ အပြစ်ဖြစ်သည်။ဘုရားသခင်သည် မနာလိုဖြစ်ခြင်း စကားလုံးကို ပြောသောအခါ ၎င်းမနာလိုခြင်း ဟူသော စကားလုံးကို ကွဲပြားစွာအသုံးပြုခြင်းဖြစ်သည်။သူ၏မနာလိုဝန်တိုသည့်အရာမှာ သူ့ဥစ္စာဖြစ်သည်။ကိုယ်တော်တပါးတည်း သာလျှင် ကိုးကွယ်ခြင်းနှင့်အစေခံအမှုဆောင်ရွက်ခြင်းကို ပိုင်ဆိုင်ပြီး သူ့ကိုသာ ပေးရမည်ဖြစ်သည်။
လက်တွေ့ဥပမာတစ်ခုက ကွားခြားချက်ကိုနားလည်ဖို့ ကူညီပေးကောင်းပေးနိုင်မည်။အကယ်၍ လင်ယောကျာ်းတစ် ဦးက မိမိဇနီးသည်နှင့်အခြားယောကျာ်းတစ်ဦးပရောပရည်လုပ်သည်ကို မြင်လျှင် မနာလိုဖြစ်ရန် အခွင့်သင့်သည်၊အကြောင်း မှာ သူ၏ဇနီးသည်နှင့်ပရောပရည်လုပ်ပိုင်ခွင့်ဟူသည် သူနှင့်သာဆိုင်သောကြောင့်ဖြစ်သည်။ဤကဲ့သို့သောမနာလိုဝန်တိုမှု သည် အပြစ်မဟုတ်ပါ။ယင်းအစား၊၎င်းသည် လုံးဝသင့်လျော်သည်။မနာလိုခြင်းသည် သင့်နှင့်မသက်ဆိုင်သောအရာကို တောင့်တသောအခါ၌ အပြစ်ဖြစ်သည်။ကိုးကွယ်ခြင်း၊ချီးမွမ်းခြင်း၊ဂုဏ်ပြုခြင်း နှင့် ကြည်ညိုခြင်းတို့သည် ဘုရားသခင်တပါး တည်း၏ဥစ္စာဖြစ်သည်၊အကြောင်းမှာ ကိုယ်တော်တပါးတည်းသာ ၎င်းနှင့်ထိုက်တန်သည်။ထို့ကြောင့် ရုပ်တုများကို ကိုးကွယ် ခြင်း၊ချီးမွမ်းခြင်း၊ဂုဏ်ပြုခြင်း၊သို့မဟုတ် ကြည်ညိုမြတ်နိုးခြင်းများကို ပေးအပ်သည့်အခါ ဘုရားသခင်သည် အမှန်အကန် မနာ လိုဖြစ်တော်မူသည်။၂ကော၁၁း၂ တွင် တမန်တော်ဖော်ပြသော မနာလိုခြင်းအတိအလင်းဖြစ်သည်၊ ငါသည်…ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့်(အိင်္ဂဘာသာ၌ မနာလိုခြင်းဖြစ်သည်)သင်တို့ကို စောင့်ရှောက်လျက်နေ၏။
English
။ ဘုရားသခင်သည် အဘယ်ကြောင့် မနာလိုသောဘုရားသခင်ဖြစ်သနည်း။