settings icon
share icon
မေးခွန်း

ဘုရားသခင်သည် အဘယ်ကြောင့် ဧဒင်ဥယျာဉ်ထဲမှာ အကောင်းအဆိုးကို သိကျွမ်းစေသောအပင် ထားရှိခဲ့သနည်း။

အဖြေ


အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏စကားကို နားထောင်သည်/နားမထောင်သည်ကို ရွေးချယ်မှုပြုနိုင်ရန်အတွက် ဘုရားသခင်က ဧဒင်ဥယျာဉ်ထဲမှာ အကောင်းနှင့်အဆိုးကို ခွဲခြားသိနိုင်သော အပင်ထားရှိခြင်း ဖြစ်သည်။ အကောင်းနှင့် အဆိုးခွဲခြားသိမြင်နိုင်သောအပင်၏အသီးကို စားခြင်းကလွှဲပြီး အာဒံနှင့်ဧဝတို့သည် သူတို့လုပ်ချင်သောအရာအားလုံးကို ပြုလုပ်နိုင်သည်။ ကမ္ဘာ ၂း၁၆-၁၇ "ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထို ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားရသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။" ဘုရားသခင်က အာဒံနှင့်ဧဝတို့အား ရွေးချယ်ပိုင်ခွင့်မပြုလျှင် သူတို့သည် ရုပ်တုနှင့်တူလိမ့်မည်။ သူတို့သည် လုပ်ဆောင်ခြင်းခံသောသူများဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အား "လွတ်လပ်"သောသူများဖြစ်စေခဲ့သည်။ ဆုံးဖြတ်ချက်ချမှတ်စေနိုင်သည်။ သူတို့က အကောင်းနှင့်အဆိုးကို ရွေးချယ်နိုင်သည်။ အာဒံနှင့်ဧဝတို့သည် လွတ်လပ်စွာ ရွေးချယ်မှုပြုနိုင်ကြသည်။

သစ်ပင်ဖြစ်စေ၊ အပင်၏အသီးဖြစ်စေ အဓိကအားဖြင့် အဆိုးမဟုတ်ပါ။ ထိုအပင်၏အသီးကို စားခြင်းအားဖြင့် အာဒံနှင့် ဧဝတို့သည် ဉာဏ်ပညာတိုးပွါးလိမ့်မည်မဟုတ်ပါ။ နာမခံခြင်းလုပ်ဆောင်မှုက အာဒံနှင့်ဧဝတို့အား အပြစ်ပြုစေသော မျက်စိ ဖွင့်ပေးခဲ့သည်။ ဘုရားသခင်၏ပညတ်တော်ကို နာမခံခြင်းက အပြစ်တရားနှင့် လောက၌ဖြစ်စေ၊ သူတို့ဘဝ၌ဖြစ်စေ အပြစ် တရားပေါ်ပေါက်စေခဲ့သည်။ အသီးကိုစားခြင်း၊ ဘုရားသခင်၏စကားကို နာမခံခြင်းက အာဒံနှင့်ဧဝတို့အား မကောင်းသော ဉာဏ်ကို ဖွံ့ဖြိုးစေသည် (ကမ္ဘာ ၃း၆-၇)။

အာဒံနှင့်ဧဝတို့သည် အပြစ်ပြုရန် ဘုရားသခင်အလိုတော်မရှိပါ။ အပြစ်တရား၏ဆိုးကျိုးမှာ အဘယ်အရာဖြစ်သည်ကို ဘုရားသခင်က ကြိုတင်သိခဲ့သည်။ အာဒံနှင့်ဧဝတို့သည် အပြစ်ပြုပြီး လောကသို့ အပြစ်တရား၊ ဆင်းရဲဒုက္ခ၊ သေခြင်းတ ရားယူဆောင်လာမည်ကို ဘုရားသခင်က သိခဲ့သည်။ ဘုရားသခင်က ဘာကြောင့် စာတန်က အာဒံနှင့်ဧဝတို့အား စုံစမ်းနှောင့်ယှက်စေခဲ့သနည်း။ အာဒံနှင့်ဧဝတို့သည် ရွေးချယ်မှုပြုနိုင်ရန်အတွက် ဘုရားသခင်က စာတန်ကို စုံစမ်းသွေး ဆောင်ခွင့်ပြုခြင်း ဖြစ်သည်။ အာဒံနှင့်ဧဝတို့သည် သူတို့၏လွတ်လပ်စွာရွေးချယ်မှုဖြင့် ဘုရားသခင်၏စကားကို ငြင်းပယ်ကာ တားမြစ်ခြင်းခံသောအပင်၏အသီးကို စားခဲ့ကြသည်။ ဆိုးကျိုးမှာ ထိုအချိန်မှစပြီး လောကသို့ အပြစ်တရား၊ ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခ၊ ဖျားနာခြင်း၊ သေခြင်းတရား ပေါ်ပေါက်လာခဲ့သည်။ အာဒံနှင့်ဧဝတို့အပြစ်ကြောင့် လူသားအားလုံး သည်အပြစ်တရားဖြင့် မွေးဖွားကြကာ အပြစ်ပြုခြင်း၌ ပျော်မွေ့ကြသည်။ အာဒံနှင့်ဧဝတို့ဆုံးဖြတ်ချက်က နောက်ဆုံးမှာ သခင်ယေရှုခရစ်တော်အား ကားတိုင်ပေါ်မှာအသေခံစေပြီး ကျွနု်ပ်တို့ကိုယ်စားအသွေးသွန်းလောင်းစေခဲ့သည်။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့သည် အပြစ်တရား၏ကွင်းဆက်မှ၄င်း၊ အပြစ်တရားမှ၄င်း လွတ်မြောက်နိုင် ပါသည်။ ရောမ ရး၂၄-၂၅ ထဲတွင် ရှင်ပေါလုဖော်ပြထားသော စကားလုံးကို ပြန်လည်ဖော်ပြပါရစေ။ "ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်းမှ ငါ့ကို အဘယ်သူ ကယ်လွတ်မည်နည်း။ ငါတို့သခင် ယေရှုခရစ် အားဖြင့် ကယ်လွတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိိုသု့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့၄င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့၄င်း၊ ငါလိုက်တတ်၏။"

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ဘုရားသခင်သည် အဘယ်ကြောင့် ဧဒင်ဥယျာဉ်ထဲမှာ အကောင်းအဆိုးကို သိကျွမ်းစေသောအပင် ထားရှိခဲ့သနည်း။
© Copyright Got Questions Ministries