မေးခွန်း
အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာဖြစ်နိုင်သလား။ အမှုတော်မြတ်၌ အမျိုးသမီးများပါဝင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြပါသ နည်း။
အဖြေ
အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာအမှုပြုခြင်းနှင့် ပတ်သက်၍ ယနေ့ အသင်းတော်များတွင် ငြင်းခုံမှုများစွာရှိသည်ကို အတွေ့ရပေ။ အမျိုးသမီးများ နှင့် အမျိုးသားများသည် ပြိုင်ဆိုင်မှုမရှိဘဲ အတူတူဖြစ်သည်ကို မြင်တွေ့ခြင်းသည် အလွန်အရေး ကြီးသည်။ အမျိုးသမီများသည် သင်းအုပ်ဆရာအမှုကို မဆောင်ရွက်နိုင်ကြောင်း၊ သမ္မာကျမ်းစာက အမျိုးသမီးများသည် အမှုတော်မြတ်၌ ပါဝင်ရန် တားမြစ်ထားကြောင်း စွဲကိုိင်ယုံကြည်သောအမျိုး သမီးများ ရှိသည်နည်းတူ၊ အမျိုးသမီးများသည် သင်းအုပ်ဆရာအမှုကိုထမ်းဆောင်နိုင်ကြောင်းနှင့် သူတို့သည် အမှုတော်မြတ်၌ အမျိုးသားများနှင့် ရင်ဘောင်တန်းလုပ်ဆောင်နိုင်ကြောင်း စွဲကိုင်သူ အမျိုးသားများလည်းရှိသည်။ ထိုသို့ခံယူခြင်းသည် လူမျိုးအဆင့်အတန်းခွဲခြားခြင်း မဟုတ်ပေ။ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်း မတူညီသောကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်က “ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။ မိန်းမသည် ဆုံးမသြဝါဒပေးခြင်း၊ ယောကျ်ားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာနေအပ်၏” (၁တိ၊ ၂း၁၃-၁၄)။ အသင်းတော်ကဏ္ဍတွင် ဘုရားသခင်က အမျိုးသမီး များနှင့် အမျိုးသားများအတွက် တာဝန်အသီးသီးပေးအပ်ခဲ့ပါသည်။ ဤလောကသို့် အပြစ်ဝင်လာ သည့်အချိန်မှစ၍၊ ဘုရားသခင်ကလူသားများကို တာဝန်အသီးသီးခန့်အပ်ခဲ့ပါသည် (၁တိ၊ ၂း၁၃-၁၄)။ တမန်တော်ရှင်ပေါလုအားဖြင့်၊ ဘုရားသခင်က အမျိုးသမီးများသည် အမျိုးသားများပေါ်တွင် သွန်သင်ခြင်း နှင့် အုပ်စိုးခြင်း အမှုမပြုရန် တားမြစ်ထားပါသည်။ အမျိုးသမီးများသည် သင်းအုပ်ဆရာ အဖြစ်အမှုထမ်းခြင်းကို ကြိုတင်တားမြစ်ရာတွင်၊ သူတို့သည် အမျိုးသားများအပေါ် တရားဟောခြင်း၊ သွန်သင်ခြင်း နှင့် အုပ်စိုုးခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်။
အမျိုးသမီးများအမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ “တားမြစ်ခြင်း” များစွာရှိသည်။ ပထမချက်ငြင်းခုံမှုသည်၊ပထမရာစုနှစ်တွင်အမျိုးသမီးများသည်အများအားဖြင့်ပညာမဆည်းပူးခဲ့ကြသောကြောင့်တမန် တော်ရှင်ပေါလု က အမျိုးသမီးများသည် သွန်သင်ခြင်းအမှုမပြုရန် တားမြစ် ထားခြင်းဖြစ်သည်။ သို့သော် ၁တိ၊ ၂း၁၁-၁၄ တွင် ပညားရေးအကြောင်းနှင့် ပတ်သက်၍ဖော်ပြ ထားခြင်းမရှိပေ။ အမှုတော်မြတ်ကြီးထဲတွင် ပညာတတ်ပုဂ္ဂိုလ်များကသာပါဝင်ခွင့် ရရှိလျှင်၊ သခင်ယေရှု၏နောက် တော်လိုက်တပည့်တော်ဆယ့်နှစ်ပါးတို့သည် ပညာမတတ်ခဲ့ကြသော ကြောင့် အမှုတော်မြတ်၌ပါ ဝင်ခွင့်ရကြလိမ့်မည်မဟုတ်ပေ။ ဒုတိယမြောက်ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ဧဖက်မြို့၌ရှိသော အမျိုးသမီးများကိုသာ တားမြစ်ထားခြင်းဖြစ်သည်။ ( တိမောသောသြဝါဒစာပဌမစောင်သည်ဧဖက်မြို့အသင်းတော်တွင်သင်းအုပ်ဆရာအဖြစ်အမှုထမ်း သော တိမောသေ ထံပေးပို့သော စာစောင်ဖြစ်သည်)။ ဧဖက်မြို့သည် Artemis ဘုရားကျောင်း၊ ဂရိနှင့်ရောမလူမျိုး များ၏မှားယွင်းသော ဘုရားမများကိုးကွယ်သော မြို့အဖြစ်ထင်ရှားသည်။ အမျိုးသမီးများသည် Artemis ဘုရား ဝတ်ပြုခြင်းတွင် အခွင့်အာဏာရှိသောသူများဖြစ်ကြသည်။ သို့သော်လည်း တိမောသောသြဝါဒစာပဌမစောင်ထဲတွင် Artemis ဘုရားအကြောင်းကို၎င်း၊ ၁တိ၊ ၂း၁၁-၁၂ တွင် ဖော်ပြထားသော သြဝါဒသည် Artemis ဘုရားကိုကိုးကွယ်သောသူများအတွက် ဖြစ်သည်ကို၎င်း တမန်တော်ရှင်ပေါလုက မဖော်ပြခဲ့ပေ။
တတိယမြောက် ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ယောကျ်ားနှင့်မိန်မ အကြောင်း ဖော်ပြလိုခြင်းမဟုတ်ဘဲ၊ လင်မယားအကြောင်းကိုသာ ဖော်ပြလိုခြင်းဖြစ်သည်။ မူရင်းဂရိဘာသာစ ကားလုံးတွင် လင်မယားအကြောင်းကို ဖော်ပြလိုခြင်းဖြစ်နိုင်ပေသည်။ သို့သော်ထိုစကားလုံး၏ အခြေခံအဓိပ္ပါယ်သည် ယောကျ်ား၊မိန်းမ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထို့ပြင်၊ အခန်းငယ် ၈-၁၀ ထဲတွင် ထိုဂရိဘာသာစကားကိုသာအသုံးပြုခဲ့ပါသည်။ အရပ်ရပ်တို့၌ ယောက်ျားများသည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆိုတောင်း ပြုရမည်လော(v.၈)။မယားများကသာ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမ ဆင်သင့်သည့်အတိုင်း၊ ကောင်းသောအကျင့်ကျင့်ရမည်လော(v.၉-၁၀)။ ထိုသို့မဟုတ်ပေ။ အခန်းငယ် ၈-၁၀ သည် ယောကျ်ားအားလုံးနှင့် မိန်းမအားလုံးကို ရည်ညွှန်းလိုခြင်းဖြစ်ပြီး၊ လင်နှင့်မယားကိုသာ ရည်ညွှန်းလိုခြင်မဟုတ်ပေ။ အခန်းငယ် ၁၁-၁၄ ကိုကြည့်လျှင်၊ လင်မယားကို သာညွှန်ပြလိုခြင်းမဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။
အမျိုးသမီးများသည် အမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ မကြခဏငြင်းခုံမှုတစ်ခု သည် ဓမ္မဟောင်းထဲ၌ရှိသောအမျိုးသမီးခေါင်းဆောင်များဖြစ်သည့် မိရိရံ၊ ဒေဗောရ၊ ဟုလဒ တို့ကို အကြောင်းပြု၍၊ ငြင်းခုံမှုပြုတတ်ကြသည်။ သို့သော်ဤ ငြင်းခုံမှုတွင် အဓိပ အချက်ကို လွှဲချော်သွား ခဲ့သည်။ ပထမအနေဖြင့်၊ ဒေဗောရသည် တရားသူကြီး ၁၃ ဦးများကြားတွင် တစ်ဦးတည်းသော အမျိုးသမီးတရားသူကြီး တစ်ဦးဖြစ်သည်။ ဟုလဒသည် သမ္မာကျမ်းစာထဲ၌ဖော်ပြထားသော ယောကျ်ားပရောဖက် ၁၂ ပါးထဲတွင် သူမတစ်ဦးတည်းသာ ပရောဖက်မဖြစ်ခဲ့သည်။ အာမိရံ ခေါင်း ဆောင်ဖြစ်ခြင်းသည်လည်း မောရှေနှင့် အာရုံတို့၏ ညီမဖြစ်သောကြောင့်ဖြစ်သည်။ အာသလိနှင့် ယေဇဗေလ တို့သည် ဘုရင်ခေတ်တွင် ခက်ခက်ခဲခဲဖြင့် ခေါင်းဆောင်သောသူများဖြစ်သည်။ အများအားဖြင့်၊ဓမ္မဟောင်းထဲတွင်အမှုတခုခုဆုံးဖြတ်ချက်ချရာတွင်အမျိုးသမီးများ၏အခွင့်အာဏာသည် အသုံးမဝင်ကြပေ။ တိမောသေသြဝါဒစာပထမစောင်နှင့် အခြားသော စာစောင်များတွင် အသင်းတော်၊ ခရစ်တော်၏ခန္ဓာကိုယ်အတွက် လမ်းညွှန်မှုများစွာတွေ့ရှိနိုင်ပါသည်။ ထိုလမ်းညွှန် ချက်ထဲတွင် အသင်းတော်၏အခွင့်အာဏာနှင့်ပတ်သက်သော တည်ဆောက်ပုံများကိုလည်းတွေ့ ရှိနိုင်သည်။ ၎င်းတည်ဆောက်ပုံများသည် ဣသရေလလူမျိုးများအတွက် (သို့) ဓမ္မဟောင်းထဲ၌ရှိ သသောသူများအတွက်မဟုတ်ပေ။
ဓမ္မသစ်ကျမ်းထဲတွင် ပြစ်ကိလနှင့်ဖိဗေ တို့အားဖြင့် ထောက်ပြ၍ အမျိုးသမီးများ သည် အမှုတော်ထဲ၌ပါဝင်နိုင်သည်ဟု ငြင်းခုံတတ်ကြသည်။ တမန်တော်ဝတ္တု ၁၈ တွင် ပြစ်ကိလနှင့် အာဂုလ တို့သည် ဘုရားသခင်ကို သစ္စာရှိရှိ အစေခံခဲ့ကြသည်ဟု ဖော်ပြထားပါ သည်။ ပြစ်ကိလ၏နာမည်ကို ပထမဦးဆုံးဖော်ပြထားသည်။ သူမသည် မိမိခင်ပွန်းထက် အမှုတော်အတွက် သာ၍ထိရောက်စွာလုပ်ဆောင်နိုင်ပေသည်။ သို့သည် ပြစ်ကိလသည်အမှုတော် မြတ်၌ပါဝင်ရာတွင် ၁တိ၊ ၂း၁၁-၁၄ ထဲတွင်ဖော်ပြထားသော အချက်အလက်များနှင့် ဆန့်ကျင်မှုမ ရှိပေ။ ပြစ်ကိလနှင့် အာဂုလတို့သည် အာပေါလုကို မိမိအိမ်သို့ခေါ်၍၊ သူ့ကို ဆုံးမကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သာ၍သိရှိနိုင်ရန် ရှင်းပြခဲ့ကြသည်(တ၊ ၁၈း၂၆)။
ရောမ၊၁၆း၁ ထဲတွင်၊ ဖိဗေသည် “အစေခံ” ဟု ဖော်ပြမည့်အစား သူမသည် “သင်းတော်လူ ကြီး” ဟုဖော်ပြထားသောလည်း သူမသည် အသင်းတော်တွင် သွန်သင်ဆရာဖြစ်သည်ဟု အဖော်ပြခဲ့ပေ။ “သွန်သင်ခြင်းအစွမ်း” သည် သင်းထောက်လူကြီးများအတွက် ချပေးထားခြင်းဖြစ် ပြီး၊ သင်းတော်လူကြီးများအတွက်မဟုတ်ပေ (၁တိ၊ ၃း၁-၁၃၊ တိတု၊ ၁း၆-၉)။ သင်းထောက်လူ ကြီး/သင်းတော်လူကြီး/ ဘုန်းကြီးတို့သည် “မယားတစ်ဦးတည်းရှိသောသူ” “မိမိသားသမီးများက ယုံကြသည်သောသူ” “လေးစားထိုက်သောသူ” ဖြစ်ရမည်။ ထို့ကြောင့် သင်းအုပ်ဆရာများ၏အ ရည်အချင်းများကြည့်လျှင် ယောကျ်ားများရည်ညွှန်းထားသည်ကို တွေ့ရှိနိုင်ပါသည်။ ၁တိ၊ ၃း၁-၁၃ နှင့် တိတု၊ ၁း၆-၉ တို့တွင် သင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများ ဖော်ပြရာတွင် ပုလ္လိင်ဖြင့် ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
၁တိ၊ ၂း၁၁-၁၄ ထဲ၌ ဖော်ပြချက်သည် “လုံးဝ” ရှင်းလင်းပါသည်။ အခန်းငယ် ၁၃ ကို
“အတွက်” ဖြင့်အစချီပြီး၊ အခန်းငယ် ၁၁-၁၂ ထဲရှိ ပေါလု ဖော်ပြလိုသော “အကြောင်း” အရာများကို တင်ပြထားပါသည်။ မိန်းမများသည် အဘယ့်ကြောင့် ယောကျ်ားများပေါ်တွင် အာဏာမရှိရမည်နည်း။ သွန်သင်ခြင်းမပြုရမည်နည်း။ အာဒံသည် ဦးစွာဖန်ဆင်းခြင်းခံခဲ့ရပြီး နောက်မှ ဧဝကို ဖန်ဆင်းသောကြောင့်ဖြစ်သည်။ အာဒံသည် လှည့်ဖြားမှုကို မခံစားခဲ့ပေ။ ဧဝကိုသာ လှည့်ဖြားမှုခံခဲ့ပါသည်။ ဘုရားသခင်သည် အာဒံကို ဖန်ဆင်းခဲ့ပြီးနောင် သူ့ကို ကူညီရန် ဧဝကို ဖန်ဆင်းခဲ့ပါသည်။ ဤဖန်ဆင်းခြင်းသည် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးနှင့် အသင်းတော်အတွက်ဖြစ်ပါသည် (ဧဖက်၊ ၅း၂၂-၂၃)။ ဧဝသည် ပထမဆုံးလိမ်ညာခြင်းခံရသော သူဖြစ်သောကြောင့် မိန်းမများက သင်းအုပ်ဆရာအဖြစ်အလုပ်အပ်ခြင်း၊ ယောကျ်ားများ ပေါ်တွင် အာဏာအမိန်ပမရှိအပ်ခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့်အချို့သောသူများက အမျိုးသမီးများ သည် လှည့်ဖြားရန် လွယ်ကူသောကြောင့် သူတို့သည် သွန်သင်ခြင်းမပြုအပ်ပေ ဟု ခံယူထားခြင်း ဖြစ်သည်။ ဤခံယူချက်သည် အငြင်းပွါးစရာပင်ဖြစ်သည်။ မိန်းမများသည် လိမ်ညာရန် လွယ်ကူလျှင် အဘယ်ကြောင့်သူတို့က ကလေးသူငယ်များ (လိမ်လည်ရန်အလွန်လွယ်ကူသည်) နှင့် အခြားမိန်းမများ (ပို၍လိမ်လည်ရန်လွယ်ကူသောသူများ) ကို သွန်သင်ရမည်နည်း။ အပေါ်တွင် ဖော်ပြထားသော ကြောင်းအရာက ထိုသို့မဆိုလိုပေ။ ဧဝသည် လိမ်ညာမှုကို ပထမဆုံးခံရသော ကြောင့် မိန်းမများသည် ယောကျ်ားများပေါ်တွင်သွန်သင်ခြင်းမပြုရန်နှင့် သူတို့ပေါ်တွင် အာဏာ အမိန့်မရှိရန်ဖြစ်ပါသည်။ အဓိကဖော်ပြလိုခြင်းသည် ဘုရားသခင်က အသင်းတော်၏အခွင့်အာဏာ ကို ယောက်ျားများပေါ်တွင်ပေးအပ်ခဲ့ပါသည်။
မိန်းမများစွာတို့သည် ဧည့်ဝတ်ကျေပွန်ခြင်း၊ ကျေးဇူးတရားရှိခြင်း၊ သွန်သင်ခြင်း၊ သူတပါး ကိုကူညီခြင်းစသော ၀ိညာဉ်ဆုကျေးဇူးများရှိတတ်ကြသည်။ များစွာသော အသင်းတော်၏သာသ နာလုပ်ငန်း၏အောင်မြင်မှုသည် အမျိုးသမီးများပေါ်တွင်မူတည်သည်။ အသင်းတော်တွင် ရှိသော အမျိုးသမီများသည် ပရိန်သတ်အများရှေ့တွင် ဆုတောင်းခြင်း၊ ပရောဖက်ပြုခြင်းများပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၁း၅)။ သူတို့သည် ယောကျ်ားများပေါ်တွင် အာဏာအမိန့်မရှိ ရန် အတွက်သာတားမြစ်ထားခြင်းဖြစ်သည်။ မိန်းမတို့သည်လည်း မိမိရရှိထားသော ၀ိညာဉ်တော်ဆုကျေးဇူးများကိုလည်း အသုံးပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၂)။ အမျိုးသမီးများသည် ယောကျာ်းများကဲ့သို့၊ အခြားသူများထံ အမှုတော်ဆောင်နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်အသီးကိုလည်း ထင်ရှားစေနိုင်သည်(ဂလာ၊ ၅း၂၂-၂၃)။ ပျောက်ဆုံး သောဝိညာဉ်များထံ ကယ်တင်ခြင်းသတင်းကောင်းလည်းဝေငှ နိုင်သည် (မဿဲ၊ ၂၈း၁၈-၂၀၊ တ၊ ၁း၈၊ ၁ပေ၊ ၃း၁၅)။
အသင်းတော်ပေါ်တွင် ၀ိညာဉ်ရေးရာနှင့်ပတ်သက်၍ အခွင့်အာဏာရှိရန် ယောကျ်ားများ ကို ဘိသိက်ထားပါသည်။ သို့ရာတွင် ယောကျ်ားများသည် သာ၍ကောင်းသော သွန်သင်ဆရာ ဖြစ်သောကြောင့်၊ သူတို့သည် ရာထူးအဆင့်အတန်းမြင့်သောကြောင့်၊ သာ၍ညာဏ်ကောင်းသော ကြောင့်မဟုတ်ပေ။ ဘုရားသခင်က ထိုအမှုအရာကို ဆောင်ရွက်ရန်တာဝန်ခန့်အပ်ထားသော ကြောင့်ဖြစ်သည်။ ယောကျ်ားများသည် မိမိအသက်တာအားဖြင့်ဖြစ်စေ၊ စကားအားဖြင့်ဖြစ်စေ၊ ၀ိညာဉ်ရေးရာဦးဆောင်နိုင်ရန် စံပြနာမူနာယူထိုက်သူဖြစ်ရမည်ဖြစ်သည်။ မိန်းမများသည် အုပ်ချုပ် ရေးကဏ္ဍတွင် အနည်းငယ်နိမ့်ကျသည်။ မိန်းမများက အခြားမိန်းမများကို သွန်သင်ရပေမည် (တိတု၊ ၂း၃-၅)။ မိန်းမများသည် မိမိသားသမီးများကို မသွန်သင်ရန် ကျမ်းစာက တားမြစ်ထားခြင်း မရှိပေ။ မိန်းမများသည် ယောကျ်ားများကို သွန်သင်ခြင်းမပြုရန်နှင့် သူတို့အပေါ်တွင် အခွင့်အာဏာ မရှိရန် အတွက်သာ တားမြစ်ထားခြင်းဖြစ်သည်။ အမျိုးသမီးများသည် သင်းအုပ် ဆရာအဖြစ်အမှုမထမ်းအပ်ပေ။ ထို့သို့ဆိုရာတွင် အမျိုးသမီးများသည် ရာထူးအဆင့်အတန်းအား ဖြင့် နိမ့်ကျသည်/ အရေးမကြီးပေကို မဆိုလိုပေ။ သို့သော် အမျိုးသမီးများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မိမိရရှိသော ဆုကျေးဇူးများကို မှန်ကန်သင့်လျော်စွာ အသုံးချရမည်ဖြစ်သည်။
English
အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာဖြစ်နိုင်သလား။ အမှုတော်မြတ်၌ အမျိုးသမီးများပါဝင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြပါသ နည်း။